မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ

မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်  မေလ ၁ ရက်နေ့  က အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့က အိန္ဒိယ-မြန်မ်နယ်စပ်ဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ကြသည်ဟု သိရသည်။

အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့မှ ၁၉ ကီလိုမီတာ ခန့်ဝေးသော Kelsih ကျေးရွာတွင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် နယ်စပ်ကိုတင်ပို့မည့် အဆိုပါ လက်နက်ခဲယမ်းများကို လူ ၄ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းများမှာ ကီလို ၃၀၀၀ အလေးချိန်ရှိသော gelatin (မိုင်း) အချောင်း ၂၄၀၀၀၊ safety fuse box ၄ ခု (မီတာ ၂၀၀၀)၊ .22 Rifle ၅ လက်၊ 12 gauge shotgun ၃ လက်၊ ကျည်ဆံ (.177) ဖူး ၂၀၊ ယမ်းမှုန့် ကီလို ၁၀၀ နှင့် Telescope sight ၇ ခုအပြင် CDF အလံလည်း ဖမ်းဆီးရမိသည်ဟု သတင်းစာတွင် ဖော်ပြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ဒေသခံအမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးခံရပြီး Kulikawn ရဲစခန်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...