မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ

မီဇိုရမ်တွင် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်  မေလ ၁ ရက်နေ့  က အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့က အိန္ဒိယ-မြန်မ်နယ်စပ်ဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ကြသည်ဟု သိရသည်။

အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့မှ ၁၉ ကီလိုမီတာ ခန့်ဝေးသော Kelsih ကျေးရွာတွင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် နယ်စပ်ကိုတင်ပို့မည့် အဆိုပါ လက်နက်ခဲယမ်းများကို လူ ၄ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းများမှာ ကီလို ၃၀၀၀ အလေးချိန်ရှိသော gelatin (မိုင်း) အချောင်း ၂၄၀၀၀၊ safety fuse box ၄ ခု (မီတာ ၂၀၀၀)၊ .22 Rifle ၅ လက်၊ 12 gauge shotgun ၃ လက်၊ ကျည်ဆံ (.177) ဖူး ၂၀၊ ယမ်းမှုန့် ကီလို ၁၀၀ နှင့် Telescope sight ၇ ခုအပြင် CDF အလံလည်း ဖမ်းဆီးရမိသည်ဟု သတင်းစာတွင် ဖော်ပြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ဒေသခံအမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးခံရပြီး Kulikawn ရဲစခန်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...