NCCD ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံကျင်းပ

NCCD ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံကျင်းပ

Network For Chin Community Development (NCCD) အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံ တရပ်ကို အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် ဧပြီလ ၂၇ ရက်ကစတင်ကျင်းပခဲ့ကြသည်ဟု သိရသည်။

ချင်းလူမျိုးများ၏ ဓလေ့ထုံးတမ်းဆန္ဒနှင့်ကိုက်ညီပြီး ခေတ်စနစ်နှင့်လျော်ညီသော ချင်းမြေယာမူဝါဒတရပ်ပေါ် ထွက်လာရေးအတွက် NCCD ဦးဆောင်မှုဖြင့် ယခင်ကတည်းက မြို့နယ်အလိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ ပြီးနောက်  ချင်းမြေယာမူဝါဒ(တတိယမူကြမ်း) အထိရေးဆွဲနိုင်ခဲ့ကြပြီးဖြစ်သည်။

ယခုအခါ အဆိုပါ တတိယမူကြမ်းကို အချောသတ်ထပ်မံဆွေးကြရန် ချင်းမြေယာမူဝါဒ ညီလာခံကို ခေါ်ယူခြင်း ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်အထိ ၃ ရက်ကြာကျင်းပကြမည်ဖြစ်သည်။ ယခု ညီလာခံအစည်းအဝေး တွင် ချင်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀ ကျော်တက်ရောက်ကြသည်ဟု သိရသည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...