NCCD ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံကျင်းပ

NCCD ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံကျင်းပ

Network For Chin Community Development (NCCD) အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံ တရပ်ကို အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် ဧပြီလ ၂၇ ရက်ကစတင်ကျင်းပခဲ့ကြသည်ဟု သိရသည်။

ချင်းလူမျိုးများ၏ ဓလေ့ထုံးတမ်းဆန္ဒနှင့်ကိုက်ညီပြီး ခေတ်စနစ်နှင့်လျော်ညီသော ချင်းမြေယာမူဝါဒတရပ်ပေါ် ထွက်လာရေးအတွက် NCCD ဦးဆောင်မှုဖြင့် ယခင်ကတည်းက မြို့နယ်အလိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ ပြီးနောက်  ချင်းမြေယာမူဝါဒ(တတိယမူကြမ်း) အထိရေးဆွဲနိုင်ခဲ့ကြပြီးဖြစ်သည်။

ယခုအခါ အဆိုပါ တတိယမူကြမ်းကို အချောသတ်ထပ်မံဆွေးကြရန် ချင်းမြေယာမူဝါဒ ညီလာခံကို ခေါ်ယူခြင်း ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်အထိ ၃ ရက်ကြာကျင်းပကြမည်ဖြစ်သည်။ ယခု ညီလာခံအစည်းအဝေး တွင် ချင်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀ ကျော်တက်ရောက်ကြသည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...