ပျူစောထီးတွေလက်နက်အပ်ဖို့ NUG စာထုတ်

ပျူစောထီးတွေလက်နက်အပ်ဖို့ NUG စာထုတ်

စစ်တပ်က လက်နက်တပ်ဆင်ထားပေးတဲ့ ပျူစောထီးနဲ့  ဒေါက်တိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ  NUG ဆီ လက်နက်အပ်ဖို့ စာတစ်စောင် ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။

NUG အစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ  ဧပြီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြုန်းတီးနေတဲ့ အင်အားကိုဖြည့်တင်းဖို့ ပျူစောထီးအပါအဝင် ဒေါက်တိုင်အဖွဲ့တွေကို  လေ့ကျင့်လက်နက်တပ်ဆင်ပေးပြီး အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်တာ ၊ ကျေးရွာတွေကို မီးရှို့တာ ၊ လူ့အခွင့်အရေးချိုးဖောက်တာ ၊ PDF နဲ့ ပြည်သူ့တော်

န်ရေးအင်အားစုတွေကို စစ်ပြိုင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NUG က ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူတွေ ၊ နိုင်ငံရေးအမြင်မတူကွဲပြားသူတွေ ၊ အခြေအနေတွေကြောင့် CDM မှာပါဝင်လုပ်ဆောင်ခွင့်မရသူတွေကို စစ်ရေးဆိုင်ရာပစ်မှတ်အဖြစ် အရေးယူဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး  အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ပါဝင်တာ ၊ အားပေးပါဝင်ကူညီတာ ပြုလုပ်မယ်ဆိုရင်တော့ ကင်းလွတ်

င့်ရမှာမဟုတ်သလို ဥပဒေနဲ့ စစ်ရေးအရလည်း  အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပျူစောထီးနဲ့ ဒေါက်တိုင်လက်နက်ကိုင်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ၊ ကလေးစစ်သားအသုံးပြုမှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေကို NUG က စောင့်ကြည့်နေပြီး တရားမျှတမှု ပြန်လည်ယူဆောင်ပေးနိုင်အောင်လည်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...