CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးအထိ ချိတ်ဆက်ထားလို့ NUG ဆို

CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးအထိ ချိတ်ဆက်ထားလို့ NUG ဆို

CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးရှိနေပြီဖြစ်တယ်လို့ NUG က မနေ့က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြောလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ခြောက်ထောင် နဲ့ ခုနှစ်ထောင်ကြားမှာရှိနေပြီး  NUG ရဲ့ ပြည်ထဲဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို မချိတ်ဆက်ရသေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ဝန်ကြီးဌာနကို မချိတ်ဆက်ရေသေးတဲ့ CDM ဝန်ထမ်းတွေကို လာရောက်ချိတ်ဆက်ဖို့ဆောက်ရွက်ဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီထံ  ပူးပေါင်းတာဝန်ထမ်း ဟန်ဆောင်ပြီး ပြည်သူ့ဘက်ရပ်တည် နေတဲ့  Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားက (၃၄) ဦးရှိနေတယ်လို့လည်းဆိုပါတယ်။

NUG ထုတ်ပြန်တဲ့ ရဲတပ်ဖွဲ့ CDM စာရင်းမှာ ရဲမှူး (၂) ဦး ၊ ဒုရဲမှူး (၁၂) ဦး ၊ ရဲအုပ် ( ၄၄) ဦး အထိပါဝင်ပြီး တခြား တပ်သားနှစ်ထောင်ကျော် ၊ အကျဉ်းဦးစီးဌာနကလည်း  (၃၀) ဦးထိပါဝင်နေတာကို တွေ့ရပါတယ်။

ကျန်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ ပြောဆိုထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးရင် ပြည်သူအပေါ်အကြမ်းဖက်ရာ သက်ရောက်နေတယ်လို့ မှတ်ယူပြီး တရားဥပဒေနဲ့အညီ အပစ်ပေးအရေးယူခံရမယ်လို့ ဆိုပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...