CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးအထိ ချိတ်ဆက်ထားလို့ NUG ဆို

CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးအထိ ချိတ်ဆက်ထားလို့ NUG ဆို

CDM ဝင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးရှိနေပြီဖြစ်တယ်လို့ NUG က မနေ့က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြောလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ခြောက်ထောင် နဲ့ ခုနှစ်ထောင်ကြားမှာရှိနေပြီး  NUG ရဲ့ ပြည်ထဲဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို မချိတ်ဆက်ရသေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ဝန်ကြီးဌာနကို မချိတ်ဆက်ရေသေးတဲ့ CDM ဝန်ထမ်းတွေကို လာရောက်ချိတ်ဆက်ဖို့ဆောက်ရွက်ဖို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီထံ  ပူးပေါင်းတာဝန်ထမ်း ဟန်ဆောင်ပြီး ပြည်သူ့ဘက်ရပ်တည် နေတဲ့  Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားက (၃၄) ဦးရှိနေတယ်လို့လည်းဆိုပါတယ်။

NUG ထုတ်ပြန်တဲ့ ရဲတပ်ဖွဲ့ CDM စာရင်းမှာ ရဲမှူး (၂) ဦး ၊ ဒုရဲမှူး (၁၂) ဦး ၊ ရဲအုပ် ( ၄၄) ဦး အထိပါဝင်ပြီး တခြား တပ်သားနှစ်ထောင်ကျော် ၊ အကျဉ်းဦးစီးဌာနကလည်း  (၃၀) ဦးထိပါဝင်နေတာကို တွေ့ရပါတယ်။

ကျန်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ ပြောဆိုထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးရင် ပြည်သူအပေါ်အကြမ်းဖက်ရာ သက်ရောက်နေတယ်လို့ မှတ်ယူပြီး တရားဥပဒေနဲ့အညီ အပစ်ပေးအရေးယူခံရမယ်လို့ ဆိုပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...