၂၀၂၁-၂၀၂၂ခုနှစ်အခြေခံပညာအောင်စာရင်းတွေကိုစစ်ကောင်စီကြေညာ

၂၀၂၁-၂၀၂၂ခုနှစ်အခြေခံပညာအောင်စာရင်းတွေကိုစစ်ကောင်စီကြေညာ

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ရဲ့ အခြေခံပညာအောင်စာရင်းတွေကို စစ်ကောင်စီလက်အောက်က ပညာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧပြီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မူလတန်းက စလို့ နဝမတန်းအထိ အောင်စရင်းကို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက အခြေခံပညာ အတန်းတင်စာမေးပွဲတွေကို မတ်လ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်ခဲ့ပါတယ်။

အတန်းတင်စာမေးပွဲများကို ကြေညာခဲ့ပြီးနောက် လာမယ့် မေလထဲမှာ ကျောင်းလက်ခံမှုတွေကို ပြန်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ပညာရေးဌာနက ကြေညာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ အခြေခံပညာစာသင်ကျောင်းတွေကို စစ်ကောင်စီ ဇွန်လမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ကိုဗစ် 19  တတိယလှိုင်းကြောင့် တစ်လသာကျောင်းဖွင့်ပြီး ပြန်ပိတ်ခဲ့ရပြီးတဲ့နောက် နိုဝင်ဘာလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးက ၄၆ မြို့နယ်ကလွဲပြီး မြို့နနယ်အားလုံးမှာဖွင့်လှစ်ကြောင်း စစ်ကောင်စီကပြောဆိုခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ်က ပုံမှန် စာသင်ကာလ ၉ လနီးပါးအထိရှိရမှာဖြစ်ရာ စစ်အာဏာသိမ်းမှု နဲ့ ကပ်ရောဂါကြောင့် ပြန်ဖွင့်တဲ့ကျောင်းတွေက စာသင်ချိန်အနည်းငယ်သာ ရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည့် အခြေခံပညာကျောင်းဆရာ/မတွေက CDM  မှာပါဝင်ပြီး စာသင်ကျောင်းအများစုမှာ ဆရာ/မလစ်လပ်မှုတွေနဲ့ ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...