ကချင် မော်ဒယ်လ်နှင့် သရုပ်ဆောင် မိုင်းမိုင် ကွယ်လွန်

ကချင် မော်ဒယ်လ်နှင့် သရုပ်ဆောင် မိုင်းမိုင် ကွယ်လွန်

ကချင် မော်ဒယ်လ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဇော်မိုင်အောင်(ခေါ် ) မိုင်းမိုင်သည် ဧပြီ ၄ ရက် မနက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် မိုင်းမိုင် ပါဝင် သရုပ်ဆောင်ထားသည့် "သီတင်းကျွတ်ညလေးတစ်ည" သီချင်းအပြင် "Hkung Ran Kum hpa"အစရှိသည့် သီချင်းများသည် ယနေ့ထိတိုင် ပရိတ်သတ်များ အားပေးမှု ရရှိနေဆဲ ဖြစ်သည်။

၎င်းအနေဖြင့် မနက်တွင် အိပ်စက်နေရင်း ရုတ်တရက် ဆုံးပါးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယခုကဲ့သို့ ရုတ်တရက် ဆုံးပါးသွားသည့် အပေါ် နှမြော ဝမ်းနည်းမိကြောင်း ကချင် အနုပညာရှင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"သူက အရမ်းအောင်မြင်ခဲ့သူ ဖြစ်တယ်။ သူ့ကို ကြည့်ပြီး အရမ်းလည်း ဂုဏ်ယူတယ်။ အားလည်း ကျခဲ့ရတဲ့ ဖြစ်ပါတယ်။ အရမ်းလည်း ခန့်တယ်။ အခုဆိုရင်လည်း သူနဲ့ ကိုက်တဲ့ ဇာတ်ဆောင်နေရာတွေ အများကြီး ရှိတယ်။ ဇာတ်ကားကြီးတွေ အရမ်း ရိုက်ခိုင်းစေချင်သေးတယ်။ အရမ်း ဖြစ်ခိုင်း စေချင်ခဲ့တယ်။ အခုလို ရုတ်တရက် ဆုံးသွားတော့ အရမ်း နှ‌ မြောပြီး ဝမ်းနည်း မိတယ်"ဟု ၎င်းက ပြောသည်။

မိုင်းမိုင်၏ ပရိတ်သတ်များကလည်း ဝမ်းနည်းကြောင်း စာများကို လူမှုကွန်ရက် စာမျက်နှာများတွင် အသီးသီး ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

မော်ဒယ်လ်နှင့် သရုပ်ဆောင် မိုင်းမိုင်သည် ကွယ်လွန်ချိန်တွင် အသက် (၃၆) နှစ် ရှိပြီ ဖြစ်သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...