CDF-Kanpetlet တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကြားညှပ်တိုက်ခိုက်

CDF-Kanpetlet တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကြားညှပ်တိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာ သည့်အတွက် CDF-Kanpetlet နှင့် ဧပြီလ ၂၁ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မကွေးတိုင်းဆောမြို့မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကန်ပက်လက်မြို့ပေါ်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် CDF-Kanpetlet တပ်ဖွဲ့ကို ကြားညှပ်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ မနေ့က ဆောနဲ့ကန်ပက်လက်ကြားမှာ ရှိတဲ့ကျွန်တော်တို့ အဖွဲ့တွေကို ညှပ်ပြီးတော့မှအတို်က်ခံရတဲ့ သဘောပါ။ မနေ့ ကထိတွေ့မှု တစ်ကြိမ်၊ ဒီနေ့မနက်က နှစ်ကြိမ်ကြားရတဲ့အတွက်ကြောင့် ထိတွေ့မှုက ပြင်း ထန်တဲ့သဘောမျိုးတော့ ဖြစ်မယ်။ အထိအခိုက်က  စစ်ကောင်စီဖက်က ဘယ်လောက်ထိတယ် ကျွန်တော်တို့ ဖက်ကလည်း အထိ အခိုက်ရှိ တယ်လို့ကြားရတယ် ဒါပေမယ့် အခုထိတော့ အတည်ပြုဖို့  ခက်သေးတယ်။” CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဆောမြို့မှ ကန်ပက်လက်မြို့သို့ အင်အား ၆ဝကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ကန်ပက်လက် မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ၈၀ ခန့်သည်လည်း စစ်ကြောင်းဆင်းလာခြင်းဖြစ်ပြီး CDF-Kanpetlet တပ်ဖွဲ့သည် နှစ်ဖက်ညှပ်တိုက်ခံရကာ ထိုခိုက်ကျဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲများလည်းဆက်လက်ပြင်းထန်လာဖွယ်ရှိ သည်ဟု CDF-Kanpetlet ကထုတ်ပြန်ထားသည်။

တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် မည့်သည့်အရေးကြီးကြောင်းအရာများရှိနေပါစေ၊ ဆောနဲ့ ကန်ပက်လက်အကြားသွား လာခြင်းမပြုကြရန် CDF-Kanpetlet မှ အသိပေးထုတ်ပြန်ထားသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...