CDF-Kanpetlet တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကြားညှပ်တိုက်ခိုက်

CDF-Kanpetlet တပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကြားညှပ်တိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာ သည့်အတွက် CDF-Kanpetlet နှင့် ဧပြီလ ၂၁ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မကွေးတိုင်းဆောမြို့မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကန်ပက်လက်မြို့ပေါ်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် CDF-Kanpetlet တပ်ဖွဲ့ကို ကြားညှပ်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ မနေ့က ဆောနဲ့ကန်ပက်လက်ကြားမှာ ရှိတဲ့ကျွန်တော်တို့ အဖွဲ့တွေကို ညှပ်ပြီးတော့မှအတို်က်ခံရတဲ့ သဘောပါ။ မနေ့ ကထိတွေ့မှု တစ်ကြိမ်၊ ဒီနေ့မနက်က နှစ်ကြိမ်ကြားရတဲ့အတွက်ကြောင့် ထိတွေ့မှုက ပြင်း ထန်တဲ့သဘောမျိုးတော့ ဖြစ်မယ်။ အထိအခိုက်က  စစ်ကောင်စီဖက်က ဘယ်လောက်ထိတယ် ကျွန်တော်တို့ ဖက်ကလည်း အထိ အခိုက်ရှိ တယ်လို့ကြားရတယ် ဒါပေမယ့် အခုထိတော့ အတည်ပြုဖို့  ခက်သေးတယ်။” CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဆောမြို့မှ ကန်ပက်လက်မြို့သို့ အင်အား ၆ဝကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ကန်ပက်လက် မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ၈၀ ခန့်သည်လည်း စစ်ကြောင်းဆင်းလာခြင်းဖြစ်ပြီး CDF-Kanpetlet တပ်ဖွဲ့သည် နှစ်ဖက်ညှပ်တိုက်ခံရကာ ထိုခိုက်ကျဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲများလည်းဆက်လက်ပြင်းထန်လာဖွယ်ရှိ သည်ဟု CDF-Kanpetlet ကထုတ်ပြန်ထားသည်။

တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် မည့်သည့်အရေးကြီးကြောင်းအရာများရှိနေပါစေ၊ ဆောနဲ့ ကန်ပက်လက်အကြားသွား လာခြင်းမပြုကြရန် CDF-Kanpetlet မှ အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...