နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး အပြာရောင်လှုပ်ရှားမှု ပြုလုပ်

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး အပြာရောင်လှုပ်ရှားမှု ပြုလုပ်

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း(၈)နှစ်ပြည့်တဲ့ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်လှုပ်ရှားမှုလို့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီလှုပ်ရှားမှုကို ပြုလုပ်ဖို့ မနေ့ကတိုက်တွန်းထားပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ ပြလုပ်ဖို့လည်း ပြောဆိုထားပါတယ်။

ဧပြီလ ၂၁ ရက်၊ ၂၀၂၂ ဆိုရင် သူကွယ်လွန်ခဲ့တာ ၈ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပြီး ကျနော်တို့နဲ့ အတူတူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြရအောင်ပါ။” လို့ AAPP ရဲ့ တိုက်တွန်းချက်ထဲမှာဆိုထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံထားရသူ တစ်သောင်းသုံးကျော်ရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ကိုးရာကျော် နဲ့ ထောင်တွင်းကနေတရားရင်ဆိုင်နေရသူ ကိုးထောင့်နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွတ်ပေးရေးက ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုပ်မြစ်ဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းတွေက လုံလောက်တဲ့ ဖိအားပေးမှုတွေပြုလုပ်ဖို့လည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း  အပြာရောင်ကမ်ပိန်းမှာပါဝင်ပြီး မတရားဖမ်းဆီးခံထားရတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စာနာတဲ့အနေနဲ့ ဒီလှုပ်ရှားမှုမှာပါဝင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့် တို့အပါအဝင်ဖမ်းဆီးထားသူတွေကို ချွင်းချက်မရှိလွှတ်ပေးဖို့လည်း ထပ်လောင်းတောင်းဆိုထုတ်ပြန်ထားပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...