ပုလဲမြို့နယ် သီတင်းကျေးရွာရှိ နေအိမ် ၉၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ် သီတင်းကျေးရွာရှိ နေအိမ် ၉၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အနောက်မြောက်ဘက် ခုနစ်မိုင်ခန့် အကွာရှိ သီတင်းကျေးရွာကို စစ်ကောင်စီ တပ်က ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့မှုကြောင့် သီတင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၉၀ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်က ပြောသည်။

"အင်အား ၁၀၀ ကျော်လောက် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်း က ဧပြီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ သီတင်းကျေးရွာရှိ နေအိမ် အလုံး ၉၀ ခန့်ကို အကြမ်းဖက် မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။ သီတင်းကျေးရွာ အနီးတွင်လည်း ထိတွေ့မှု အနည်းငယ် ရှိခဲ့တယ် ။ သီတင်းကျေးရွာ ကနေ လူသားဒိုင်း အဖြစ် ဖမ်းလာတဲ့ လူငယ် တစ်ယောက်ကိုတော့ ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်။ ကျန်တဲ့ လူသားဒိုင်း သုံးယောက်ကိုတော့ ပြန်လွှတ်ပေး ခဲ့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျေးရွာသို့ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်ခဲ့၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...