UEC က ပါတီတွေအပေါ် စစ်ဆေးမှုကို တရုတ်သံအမတ်က မေးမြန်း

UEC က ပါတီတွေအပေါ် စစ်ဆေးမှုကို တရုတ်သံအမတ်က မေးမြန်း

စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအပေါ် စစ်ဆေးနေမှုအခြေအနေတွေကို တရုတ်သံအမတ်ကမစ္စတာချန်းဟိုင်က  မေးမြန်းခဲ့တယ်လို့ UEC ဘက်က သတင်းထုတ်ပြန်ပါတယ်။

တရုတ်သံအမတ်က နေပြည်တော်မှာရှိတဲ့ ကော်မရှင်ရုံးမှာ သွားရောက်တွေ့ဆုံပြီး မေးမြန်းမှုတွေပြုခဲ့သလို  စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အကြောင်းကိုလည်းမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲပြုလုပ်ဖို့ ဥပဒေတွေ ၊နည်းဥပဒေပြင်ဆင်နေတာ ၊ မဲဆန္ဒရှင်စာရင်းပြုစုတာအပြင် နိုင်ငံရေးပါတီတွေကို စစ်ဆေးနေမှုအခြေအနေတွေအကြောင်းကို တရုတ်သံအမတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဒီနေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးပါတီ တွေထဲကမှ ၈၁ ပါတီရဲ့ ပါတီရံပုံငွေ ၊ အင်အားစာရင်း  နဲ့  ပစ္စည်းစာရင်း တွေကိုစစ်ဆေးမှုတွေပြုလုပ်ထားပြီဖြစ်တယ်လို့သိရပါတယ်။

ဒီလိုစစ်ဆေးနေတဲ့နေရာမှာ NLD ပါတီ ၊ SNLD ပါတီ ၊ ပျက်ကွက်ခဲ့တဲ့အတွက်လို့ဆိုပြီး အရေးယူမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၊ နဲ့ လူ့ဘောင်သစ်ပါတီတွေက စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လာမယ့် ၂၅ ရက်နေ့မတိုင်မှီ ပြန်လာလာရောက်စစ်ဆေးဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...