မြစ်ကြီးနားမြို့တွင် ဆီပန့်ဆိုင်အချို့ ပိတ်သိမ်းထားရပြီး အချို့မှာ အကန့်အသတ်ဖြင့် ရောင်းချနေ

မြစ်ကြီးနားမြို့တွင် ဆီပန့်ဆိုင်အချို့ ပိတ်သိမ်းထားရပြီး အချို့မှာ အကန့်အသတ်ဖြင့် ရောင်းချနေ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး ဆီပြတ်လပ်မှုများရှိလာသည့်အတွက် ဆိုင်အချို့ ပိတ်သိမ်းထားရသည်ဟု ဆိုသည်။

လက်ရှိအချိန် မြို့တွင်းရှိ ဖွင့်လှစ်ထားသည့် ဆီပန့်ဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ဆီဆိုင်အချို့တွင် ဓာတ်ဆီမရရှိနိုင်တော့ကြောင်း အသိပေးစာကပ်ထားခြင်းများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

" မန်ခိန်အထက်ဘက် စက်သုံးဆီဆိုင်တွေ အားလုံးပိတ်ထားတယ်။ အင်ဝိုင်းပန်ဆီဆိုင်မှာဆို ဓာတ်ဆီကုန်ပြီဆိုပြီး ဆိုင်းဘုတ်ချိတ်ထားလိုက်ပြီ။မြို့တွင်းဆိုင်တွေတော့ ဖွင့်ပါတယ်။ဒါပေမယ် မနေ့ကဈေးထက် ပိုတက်သွားပြီ။ ဖွင့်တဲ့ဆိုင်တချို့ကလဲ ကားနဲ့ဆို နှစ်သောင်းဖိုးဘဲထည့်ပေးတယ်။ ဆိုင်ကယ်က နှစ်ထောင်တဲ့။ တချို့ဆို ကားနဲ့လာရင်မထည့်ပေးတော့ဘူး"ဟုဆိုသည်။

ယမန်နေ့က ဓာတ်ဆီတစ်လီတာလျင် ကျပ်(၂၁၄၀ )ရှိပြီး ယနေ့ တစ်လီတာလျင် ကျပ်( ၂၂၅၀ )ထိ ဈေးနှုန်းမြင့်တက်သွားကာ ဒီဇယ်ဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။

မြန်မှာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီများ ပြတ်လပ်လာနိုင်သည်ဟူသော သတင်းပြန့်နှံ့လာသည့်အတွက်  ပြည်သူများမှ စက်သုံးဆီများကို အလုအယက်ဝယ်ယူနေကြခြင်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...