ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီး ပျက်စီးမှုရှိ

ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီး ပျက်စီးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဧပြီလ ၁၉ ရက်နေ့ ည (၉) နာရီခွဲကျော်အချိန်မှာ လူတစ်စုက ဗုံးနဲ့ လာပစ်သွားလို့ ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။

ဗုံးပစ်ခံလိုက်ရတဲ့ ဗန်းမောက်မြို့နယ် ထွေအုပ်ရေးမှူးရုံးရဲ့ အမိုးတွေနဲ့ ပြတင်းပေါက်တွေပျက်စီးသွားပြီး လူထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။

“ ည ၉ နာရီကျော်အချိန်လောက်မှာဖြစ်တာ၊ ထွေအုပ်ရုံးနားလို့ပြောတယ်။ ခေါင်မိုးပေါ်ကိုလာပစ်သွားတာ အမိုးနဲ့ ပြတင်းပေါက်တွေပျက်သွားတယ်၊ လူထိတာတော့မကြားဘူး” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒီလိုဖြစ်စဉ်တွေမဖြစ်ခင် မနေ့က ညနေပိုင်းမှာ ဗန်းမောက်မြို့နယ်ထဲကို ရဲတပ်ဖွဲ့ဝင်တွေက အင်အားပြတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့က စည်ပင်ရုံး အပါအဝင် မိုင်တဲတာဝါတိုင်တွေကလည်း မိုင်းဖောက်ခွဲခံရမှုတွေ မတ်လ နဲ့ ဧပြီလ တွေမှာဖြစ်ပေါ်ခဲ့ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ မှိုင်းပေါက်ကွဲမှု (၁၀)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...