သုံးရက်အတွင်း ချောင်းပြန်ဖွင့်ရန် KNU ကို တပ်မတော်စာပို့

သုံးရက်အတွင်း ချောင်းပြန်ဖွင့်ရန် KNU ကို တပ်မတော်စာပို့

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကျိုက်ဒုံမြို့နယ်တွင် ပိတ်ထားသည့် ချောင်းရေကို သုံးရက်အတွင်း ပြန်ဖွင့်ရန် တပ်မတော်က KNU ထံ စာပေးပို့ထားကြောင်း သိရသည်။

ယင်းပိတ်ထားသည့် ချောင်းရေကို ပြန်မဖွင့်ပေးပါက ကွီလုံတိုင် အနီးအနားရှိ ကျေးရွာများ ပျက်စီးလိမ့်မည်ဟု ဆိုသည်။

“အထက်တွင် ပိတ်ဆို့ထားသော ရေချောင်းအား ပြန်လည်ဖွင့်လှစ်ရန် အကြောင်းကြားခြင်းဖြစ်ပါသည် မဖွင့်ခဲ့ပါက ကွီလုံတိုင်စခန်း အနီးတဝိုက်တွင် ရှိသော ကျေးရွာများ ပျက်စီးဆုံးရှုံးမှု ဖြစ်လိမ့်မည်” ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

KNU ၏ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက “အမျိုးမျိုး ဖြစ်နိုင်တာပေါ့လေ၊ တောက်လျှောက်ပဲ အနည်းဆုံးက ဘာဖြစ်နိုင်လဲဆိုတော့ တိုက်ပွဲ ထပ်ဖြစ်ပြီဆိုရင်တော့ မဆီမဆိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ပတ်ခတ်တာတို့၊ မထင်ရင် မထင်သလို ရွာထဲကို ဝင်လာပြီး အကုန်လုံး မီးရှို့ပစ်တာတို့ တာတွေက အများကြီး ဖြစ်နိုင်တာပေါ့၊ သူတို့ လုပ်နေကြအလုပ်ပဲလေ၊ ကျနော်တို့ ဒေသကြီးပဲ မဟုတ်ဘူး၊ တခြားနေရာတွေမှာလည်း လုပ်နေတာပဲ၊ ဆိုတော့ အဲဒါကို အထူးသဖြင့် လူထုကို ကြောက်စိတ်ဝင်အောင်လုပ်တာ နောက်ပြီးတော့ အထူးသဖြင့် တော်လှန်ရေး အဖွဲ့အစည်းတွေကို မကူညီအောင်လုပ်နေတဲ့ဟာက ဒီနည်းပေါင်းစုံပဲလေ၊ နောက် လေယာဉ်နဲ့ လာဗုံးကြဲတယ်ဆိုတာလည်း အရပ်သားပစ်မှတ်ကို သက်သက် ဒါဗုံးချလိုက်တာလည်း ဒါကိုလည်း လူထုက ကြောက်လန့်ပြီးတော့ မနေရဲအောင်ပေါ့၊ အဲလိုဟာမျိုးတွေက အများကြီး ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယင်းစာကို တပ်မတော်၏ ကွီလုံတိုင် စစ်ဆင်ရေးခြေကုတ်စခန်း  ခမရ (၅၆၁) တပ်ရင်းက ပေးပို့ထား ခြင်း ဖြစ်ပြီး မိမိတို့အနေဖြင့် ရေရရှိရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။

ကွီလုံတိုင်စစ်ဆင်ရေး ခြေကုပ်စခန်းအပါအဝင် ဒေါနအရှေ့ဘက်ခြမ်းရှိ တပ်မတော်၏ စခန်းများကို ပြီးခဲ့သည့် လက စတင်ပြီး KNU တပ်ဖွဲ့ဝင်များက ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် သောက်သုံးရေ ရရှိရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကရင်ဒေတွင်း သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ပဒိုစောတောနီးက “ဒါကတော့ စစ်ရေးစစ်ရာကိစ္စဆိုတော့ ကျနော်တို့ ပြောဖို့ မလိုပါဘူး။ ဒါပေမဲ့ အထူးသဖြင့် လူထုကို သွားပြီးတော့ ညစ်တာမျိုး၊ ဒုက္ခပေးတာမျိုးတော့ မဖြစ်သင့်ဘူးလေ၊ ဒါစစ်ရေး၊ စစ်ရာကိစ္စနဲ့ ပတ်သက်လာရင် စစ်သားဖြစ်ဖူးတဲ့လူတိုင်း သိနေကြတာပဲ၊ ဒါပေမဲ့ အဲလို အကျပ်အတည်း ဖြစ်နေတဲ့ အခါမှာ လူထုကို သွားပြီးတော့ ဒုက္ခပေးတာတော့ လူထုကို သွားပြီးတော့ ဓားစာခံလို ပြန်ပြေးဆွဲတဲ့ ပုံစံမျိုးနဲ့ ညှစ်သတ်ထားတာ အဲလိုမျိုး လုံးဝမဖြစ်သင့်ဘူးလို့ တကယ်ပြောရမယ်ဆိုရင် ဒါနိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဟာတွေနဲ့လည်း အများကြီးဆန့်ကျင်ပါတယ်။ အရပ်သားပစ်မှတ်ကို လုံးဝရှောင်ရမယ်လေ ဒါက အဓိကပဲ” ဟု ပြောသည်။

KNU တပ်မဟာ (၆) နယ်မြေအတွင်းတွင် တပ်မတော်နှင့် KNLA၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား မတ်လ အစောပိုင်းကစပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲကြောင့် တိုက်ပွဲရှောင်ပြည်သူ သုံးသောင်းခန့် ရှိလာပြီဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ မတ်လကုန် ထုတ်ပြန်ချက်အရ သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...