တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည့် (၂၁) မိုင်ဂိတ်တွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်

တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည့် (၂၁) မိုင်ဂိတ်တွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်

ကချင်ပြည်၊ မြစ်ကြီးနားမြို့ အထွက်(၂၁)မိုင်  စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် နှစ်ပတ်အကြာတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများမှ ယခင်အတိုင်း လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဂိတ်တွင် ယခင်ကထက် လုံခြုံရေး ပိုတိုးထားသည်သာမက စစ်ဆေးမှုများ တင်းကြပ်လာကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အခုက ပြန်ဆောက်နေပြီ။ အရင်ကထက် လူဦးရေ ပိုတိုးထားတာတွေ့ရတယ်။ လူ  (၆၀)ဝန်းကျင်လောက်တော့ ရှိမယ်။ အခုက အရင်ကထက် ပိုစစ်လာတာ။ သင်္ကြန်ကာလတော့ မဟုတ်ဘူး အဲဒီမတိုင်ခင်တွေက အရမ်းစစ်တာ။ ပစ်ခတ်မှု ဖြစ်ပြီး နှစ်ပတ်လောက်ကနေ ပြန်စ‌နေပြီ။ ရဲနဲ့ စစ်သားတွေရှိတယ်။ အရင်ကထက် ပိုတင်းကြပ်လာတယ် ပြောရမယ်”ဟု ‌၎င်းကဆိုသည်။

အဆိုပါဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မတ်လ(၁၉)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး ဂိတ်စခန်းတွင်ရှိသည့် ရဲနှစ် စစ်သားများ ထိခိုက် သေဆုံးမှုခဲ့သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...