ရွှေတောင်မြို့နယ်၌ စစ်လေယာဉ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရွှေတောင်မြို့နယ်၌ စစ်လေယာဉ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရ
စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်။
စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်။

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၌ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က စစ်ကောင်စီ မင်္ဂလာဒုံ လေတပ်စခန်း အမှတ် (၃၀၁၇) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ စစ်လေယာဉ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

စစ်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော် ဆိုသူကို ပြည်သူ့ကာကွယ်ရေးတပ် ပြည်ခရိုင်တပ်ရင်း (၃၆၀၂) တပ်ခွဲ (၃) က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Bago Region PDF ပြန်ကြားရေး တာဝန်ခံက အတည်ပြုသည်။

“သူက သူ့ဇာတိမြေကို ခဏပြန်လာတာ၊ အလာကတည်းက မိုင်းဆင်ပြီး စောင့်နေတာပါ၊ ကားထဲမှာ ကလေးတွေ မိန်းမတွေပါလို့ မလုပ်ဘဲ နောက်ဆုတ်လိုက်တာ၊ ယနေ့ မနက်မှာတော့ ဝါးလည်ရွာသစ် သစ်သီးဆိုင်ဘက်မှာ ကားရပ်ပြီး ဈေးဝယ်နေတုန်း ဝင်ပစ်ခဲ့တာပါ၊ သေနတ်ကျည် ဂျမ်းဖြစ်ပြီး တစ်ချက်ပဲ ပစ်ခဲ့ရပြီး နောက်အချက်တွေ မထွက်တာနဲ့ သူ့ဆီမှာလည်း လက်နက်ပါ ပါတယ်၊ ဒါကြောင့် အမြန် ပြန်ဆုတ်ခဲ့ရတယ်” ဟု ၎င်းကရှင်းပြသည်။

ပစ်ခတ်ခံရသူသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မကွေးတိုင်းတို့၌ ဗုံးကြဲ တိုက်ခိုက်နေသည့် စစ်ကောင်စီ တောင်ပိုင်းတိုင်း လေတပ် ကွပ်ကဲမှုဌာနချုပ်မှ Mi-35P နှင့် Mi-17 မောင်းနှင်သည့် လေယာဉ်မှူး ဗိုလ်၊ ဗိုလ်မှူး ၅၄ ဦးစာရင်းတွင် ပါဝင်သူ ဖြစ်ကြောင်း Bago Region PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူတစ်ယောက် အပစ်ခံရတာ ဟုတ်တယ်၊ ခဏနေတော့ စစ်ကားတွေ ရောက်လာပြီး ပရဟိတ ကားတစ်စီးနဲ့ တင်ပြီး ရန်ကုန်ဘက်ကို မောင်းသွားတယ်၊ ဒီမှာတော့ လမ်းတွေပိတ်ပြီး စစ်နေကြတယ်” ဟု ရွှေတောင်မြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ၏ အခြေအနေကိုမူ မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု ထန်းပင်ကုန်းတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို သာယာဝတီခရိုင် တပ်ရင်း (၁) တပ်ခွဲ (၂) မှ ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...