BPLA တစ်နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး သဝဏ်လွှာပို့

BPLA တစ်နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး သဝဏ်လွှာပို့

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ BPLA ကထုတ်ပြန်ထားပါတယ်။

သဝဏ်လွှာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းတည်ထောင်တဲ့နေရာမှာ လေ့ကျင့်မှုအပါအဝင် ကူညီရိုင်းပင်းမှုတွေ ကျေးဇူးတရားတွေကို မမေ့ဘူးလို့ ပြောထားပါတယ်။

BPLA တစ်နှစ်ပြည့်အခမ်းအနားကို မြောက်ပိုင်းမဟာမိတ်ညီနော်သုံးဖွဲ့ ကလည်း သဝဏ်လွှာပေးပို့ထားပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်အာဏာရှင် ဖြုတ်ချဖို့အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...