ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ BPLA ကထုတ်ပြန်ထားပါတယ်။
သဝဏ်လွှာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းတည်ထောင်တဲ့နေရာမှာ လေ့ကျင့်မှုအပါအဝင် ကူညီရိုင်းပင်းမှုတွေ ကျေးဇူးတရားတွေကို မမေ့ဘူးလို့ ပြောထားပါတယ်။
BPLA တစ်နှစ်ပြည့်အခမ်းအနားကို မြောက်ပိုင်းမဟာမိတ်ညီနော်သုံးဖွဲ့ ကလည်း သဝဏ်လွှာပေးပို့ထားပါသေးတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်အာဏာရှင် ဖြုတ်ချဖို့အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။







