စစ်ကောင်စီ၏ လေယာဥ်များကိုပစ်ချမည့် Dragonfly ပရောဂျက် ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိ

စစ်ကောင်စီ၏ လေယာဥ်များကိုပစ်ချမည့် Dragonfly ပရောဂျက် ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိ

စစ်ကောင်စီ၏ လေယာဥ်များကိုပစ်ချမည့် Dragonfly ပရောဂျက် အတွက် ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိကြောင်း Click2donate ကကြေညာသည်။

"အနည်းငယ် တိတိကျကျပြောရရင် USD 2,259,126 ဒေါ်လာဖြစ်ပါတယ်ခင်ဗျာ2.2 million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်ခင်ဗျာ။ အစွန်းထွက်တွေနဲ့ လုံးဝ အတိအကျကတော့ ငွေလွှဲတဲ့ ကိစ္စတွေပြီးမှပဲထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ။ ဒီပရောဂျက်လေးကို နှစ်ယောက်ထဲ လုပ်ခဲ့ရမယ်ထင်ခဲ့ပေမယ့် တကယ်လဲစရော နိုင်ငံအသီးသီးမှာရှိတဲ့ OFP အဖွဲ့တွေ individual fundraiser အဖွဲ့တွေနဲ့  ပြည်တွင်းပြည်ပက fundraiser(ထောက်ပို့တာဝန်ယူထားသူတွေ) တွေ အပြင်  BTS ARMY တို့လို့ kpop fandom တွေကစ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီပေးကြတဲ့အပြင် တစ်အိမ်တက်ဆင်းလိုက်လံ ကောက်ခံပေးကြတဲ့ ပြည်ပရောက် အစ်ကိုအစ်မတွေပါ ဝိုင်းဝန်းကူညီပြီး  ပြည်သူအားလုံးရဲ့ ပရောဂျက်တစ်ခု အနေနဲ့ကို အင်တိုက်အားတိုက် ပါဝင်ပေးခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်လဲ ဒီ ၁၀ ရက်ဆိုတဲ့အချိန်တိုလေးအတွင်းမှာတင် သိန်းပေါင်း လေးသောင်းခွဲ ဝန်းကျင်အထိ ရရှိနိုင်ခဲ့တာဖြစ်ပါတယ်" ဟု Click2donate ကကြေညာသည်။

ယင်းပရောဂျက်ကို Click2donate နှင့် ပန်ဆယ်လိုပူးပေါင်းကာ စတင်လုပ်ဆောင်ခဲ့ပြီး ပြည်ပရှိ အဖွဲ့အစည်းများကလည်း ပါဝင်လုပ်ဆောင်ပေးမှုကြောင့် သတ်မှတ်ပမာဏထက် ပိုမိုရရှိခဲ့သည်။

၁၀ ရက်တာ အလှူငွေကောက်ခံသည့် ယင်းပရောဂျက်ကို ထိုင်း၊စင်ကာပူ၊ အမေရိကန်၊ သြစတြေးလျ၊ ယူအေအီး၊ ဂျပန်အစရှိသည့် နိုင်ငံများတွင် နေထိုင်သူများထံမှ အလှူငွေကောက်ခံခြင်းဖြစ်သည်။

"ပါဝင်အားဖြည့်ပေးကြသူတွေရော သူများတွေကိုပါ လှုံ့ဆော်ပေးကြသူတွေရောတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးအထူးတင်ပါကြောင်း" Click2donate ကဆိုသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...