မိုးညှင်းမြို့ထန်းတပင်ကျေးရွာက ဒေသခံတစ်ဦးသေနတ် ပစ်သတ်ခံရ

မိုးညှင်းမြို့ထန်းတပင်ကျေးရွာက ဒေသခံတစ်ဦးသေနတ် ပစ်သတ်ခံရ

မိုးညှင်းမြို့ ထန်းတပင်ကျေးရွာက ဒေသခံတစ်ဦးဖြစ်တဲ့ ဦးသန်းမြင့်ကို အမည်မသိရတဲ့လူတစ်စု နေအိမ်အတွင်း သေနတ်နဲ့ လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ထန်းတပင်ကျေးရွာသားတွေဆီကနေ သိရပါတယ်။

ဒီဖြစ်စဉ်က ဧပြီလ ၁၀ ရက်နေ့ည (၉) နာရီပတ်ဝန်းကျင်လောက်မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

“ သူက ရဲတွေ ၊ စစ်သားတွေနဲ့အရမ်းရောတာ ၊ ဒလန်လို့ထင်လို့နေမှာ ၊ သူ့အကြောင်းနဲ့သူတော့ရှိမှာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် အချိန်အနည်းငယ်မှာပဲ  စစ်ကောင်စီတပ်သားတွေရောက်လာပြီး သူသေဆုံးမှုနဲ့ပတ်သက်ပြီး ဘေးပတ်ဝန်းကျင်က လူတွေကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်သွားတယ်လို့သိရပါတယ်။

ဒီပစ်ခတ်မှုကို ဒေသခံကာကွယ်ရေးတပ် PDF တွေက ပြုလုပ်တယ်လို့  ပြောဆိုကြပေမယ့် အတည်ပြုချက် မရသေးပါဘူး ။

မိုးညှင်းမြို့မှာ လွန်ခဲ့တဲ့ မတ်လအတွင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြားထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က (၇)ဦးထိကျဆုံးခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရှိတဲ့ ထန်းတပင်ကျေးရွာအနီးက မိုးညှင်းတက္ကသိုလ်မှာ ဒေသခံကာကွယ်ရေးတပ်တွေက လာရောက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

Most read this week

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...