ကလေးမြို့တွင်း ပစ်ခတ်မှု ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကလေးမြို့တွင်း ပစ်ခတ်မှု ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကလေးမြို့တွင် ယမန်နေ့ (ဧပြီလ ၁၀ ရက်) ညနေပိုင်းက သေနတ်ပစ်ခတ်သံ၊ ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ပြီး အောက်သ စ္စာရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးကျည်ဆံမှန်သေဆုံးကာ တစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။

“ဆေးတပ်ရယ်၊ ဒကစ ရယ် ၈၉ တပ်ရယ် နီးနေတယ်ဆိုတော့ ဘယ်တပ်ကကောင်တွေလာဖြစ်တယ်ဆိုတာသေချာမသိရ ဘူး တော်တော်လေးကို ပစ်ခတ်မှုများတယ် ပြင်းထန်တယ်အိမ်ထဲမှာနေတဲ့တစ်ယောက်က သရက်ရွက်မှန်ပြီး ဆုံးသွားတယ်" ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသူမှာ အသက် ၄၀ ခန့်ရှိသည့် ဦးလင်းထက်စိုးဟု သိရပြီး အောက်သစ္စာရပ်ကွက်က ရာအိမ်မှူးဟုသိရသည်။

အလားတူ ယမန်နေ့ညက ပစ်ခတ်မှုကြောင့် အောင်ဇေယျရပ်ကွက်တွင်လည်း အိမ်ထဲမှာနေထိုင်သည့် ဒေသခံတစ်ဦး ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။

အောင်သစ္စာနှင့် အောင်ဇေယျရပ်ကွက်သည် ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ)၊ ဆေးတပ် နှင့် ၈၉ တပ်ရင်းတို့နှင့် ကပ်ရပ်ရှိသည့် ရပ်ကွက်များဖြစ်ကြပြီး စစ်တပ်ဝန်းထဲမှ သေနတ်ပစ်ခတ်သံများညတိုင်းကြားနေရသည်ဟု ဒေသခံများ ကပြောသည်။

ယမန်နေ့ညပိုင်းက အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်တို့အပြင် တံတားဦးဘက်တွင် ည ၈ နာရီခန့်အထိ သေနတ်ပစ်ခတ်သံပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပြီး ယင်းမနက်ပိုင်းကလည်း ကလေးမြ်ို့ တောင်ဖီလာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ အ.ထ.က (၂) ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းအနီးတွင် သေနတ်ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကစ၍ ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား မြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလျှက်ရှိကာ သေနတ်သံ ဗုံးပေါက်ကွဲသံများ နေ့စဉ်နှင့်အမျှကြားနေရသည်ဟု ဒေသခံ များထံမှသိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...