ကလေးမြို့တွင်း ပစ်ခတ်မှု ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကလေးမြို့တွင်း ပစ်ခတ်မှု ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ကလေးမြို့တွင် ယမန်နေ့ (ဧပြီလ ၁၀ ရက်) ညနေပိုင်းက သေနတ်ပစ်ခတ်သံ၊ ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ပြီး အောက်သ စ္စာရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးကျည်ဆံမှန်သေဆုံးကာ တစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။

“ဆေးတပ်ရယ်၊ ဒကစ ရယ် ၈၉ တပ်ရယ် နီးနေတယ်ဆိုတော့ ဘယ်တပ်ကကောင်တွေလာဖြစ်တယ်ဆိုတာသေချာမသိရ ဘူး တော်တော်လေးကို ပစ်ခတ်မှုများတယ် ပြင်းထန်တယ်အိမ်ထဲမှာနေတဲ့တစ်ယောက်က သရက်ရွက်မှန်ပြီး ဆုံးသွားတယ်" ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသူမှာ အသက် ၄၀ ခန့်ရှိသည့် ဦးလင်းထက်စိုးဟု သိရပြီး အောက်သစ္စာရပ်ကွက်က ရာအိမ်မှူးဟုသိရသည်။

အလားတူ ယမန်နေ့ညက ပစ်ခတ်မှုကြောင့် အောင်ဇေယျရပ်ကွက်တွင်လည်း အိမ်ထဲမှာနေထိုင်သည့် ဒေသခံတစ်ဦး ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။

အောင်သစ္စာနှင့် အောင်ဇေယျရပ်ကွက်သည် ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ)၊ ဆေးတပ် နှင့် ၈၉ တပ်ရင်းတို့နှင့် ကပ်ရပ်ရှိသည့် ရပ်ကွက်များဖြစ်ကြပြီး စစ်တပ်ဝန်းထဲမှ သေနတ်ပစ်ခတ်သံများညတိုင်းကြားနေရသည်ဟု ဒေသခံများ ကပြောသည်။

ယမန်နေ့ညပိုင်းက အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်တို့အပြင် တံတားဦးဘက်တွင် ည ၈ နာရီခန့်အထိ သေနတ်ပစ်ခတ်သံပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပြီး ယင်းမနက်ပိုင်းကလည်း ကလေးမြ်ို့ တောင်ဖီလာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ အ.ထ.က (၂) ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းအနီးတွင် သေနတ်ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကစ၍ ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား မြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလျှက်ရှိကာ သေနတ်သံ ဗုံးပေါက်ကွဲသံများ နေ့စဉ်နှင့်အမျှကြားနေရသည်ဟု ဒေသခံ များထံမှသိရသည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...