စစ်ခုံရုံး၏ သေဒဏ်ချမှတ်ခြင်းခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသူ အင်းစိန်ထောင်တွင်းဆေးကုသခွင့်မရ

စစ်ခုံရုံး၏ သေဒဏ်ချမှတ်ခြင်းခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသူ အင်းစိန်ထောင်တွင်းဆေးကုသခွင့်မရ

စစ်ခုံရုံး၏ သေဒဏ်ချမှတ်ခြင်း ခံထားရသော ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာန ကျောင်းသူ အသက် ၂ဝ အရွယ် မဆောင်းလေပြေ (ခ) ဇူဇူးသည် အင်းစိန်ထောင်တွင်း၌ ဆေးကုသခွင့် မရရှိကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဧပြီလ ၇ ရက်  ညနေပိုင်းတွင် ထုတ်ပြန်သည်။

၎င်းသည် အင်းစိန်ထောင်တွင်း၌ လက်ရှိ ကျန်းမာရေး မကောင်း ဖြစ်နေပြီး ဆေးကုသခွင့် မရရှိကြောင်း ထောင်တွင်း ရဲဘော်များထံက သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေး ချူချာသူတစ်ဦး ဖြစ်သည့် မဆောင်းလေပြေသည် စစ်ကြောရေးကို ဖြတ်သန်းရချိန် ရရှိခဲ့သည့် ဒဏ်များကြောင့် အကျဉ်းထောင်တွင်း ကျန်းမာရေး မကောင်းခြင်း ဖြစ်နိုင်ပြီး ၎င်းအတွက် ထိရောက်သည့် ဆေးကုသမှုမျိုး လိုအပ်နေသည်ဟု ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင် ကိုမင်းဟန်ထက်က ပြောသည်။

“မဆောင်းလေပြေတင် မက ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသော ကျောင်းသား ပြည်သူတွေဟာ အကျဥ်းထောင်တွေထဲမှာ ကျန်းမာရေးအရ သော်လည်းကောင်း၊ အခွင့်အရေးအရ သော်လည်းကောင်း၊ ဂုဏ်သိက္ခာအားဖြင့် သော်လည်းကောင်း ဖိနှိပ် ခံနေရတယ် ” ဟု ၎င်းက ပြောသည်။

မဆောင်းလေပြေ (ခ) ဇူဇူး အပါဝင် လူငယ် ခုနစ်ဦးကို  မြောက်ဥက္ကလာပ အဝိုင်း၌ အထက်တန်းပြ ဆရာမ ဒေါ်လှလှသန်းကို သေနတ်ဖြင့် ပစ်သတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၁) (ခ) အရ  စစ်ခုံရုံးက  မတ်လ ၁၇ ရက်တွင် သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်သတ် ခံရသည့် ဆရာမ ဒေါ်လှလှသန်းမှာ စစ်တပ် သတင်းပေးဟု နာမည် ထွက်ပြီး ပြောက်ကျား အဖွဲ့ အချို့၏ သတိပေး ခံထားရသူလည်း ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...