ဖားကန့်တွင် လုပ်ကွက်တစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပြီး လူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိ

ဖားကန့်တွင် လုပ်ကွက်တစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပြီး လူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဗလခမှော်နှင့် မော်မောင်းလယန်နားက လုပ်ကွက်တစ်ခုတွင် ယမန်နေ့ည(၉)နာရီ ဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းလုပ်ကွက်အတွင်း မည်သည့် အကြောင်း ကိစ္စကြောင့် ပေါက်ကွဲမှု ဖြစ်သည်ကို အတိအကျ မသိရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

” ‌ဗလခမှော်နဲ့ မော်မောင်းလယန်နားက လုပ်ကွက်တစ်ခုမှာ ဖြစ်တာ။ လူ(၅)ယောက် ထိခိုက်တာ။ လက်နက်ကြီး ကျတယ်လို့လည်း ပြောတယ်။ တချို့က ပေါက်ကွဲမှု ဖြစ်တယ်လို့လည်း ပြောတယ်။ အတိအကျတော့ မသိရဘူးပေါ့။ ရေမဆေးရှာတဲ့ သူတွေရော ကြောက်ပြီး အကုန် ထွက်ပြေးကြတာ”ဟု ၎င်းက ဆိုသည်။

ယင်းပေါက်ကွဲမှုတွင် လုပ်ကွက်အတွင်း တစ်နိုင်တပိုင် လုပ်ကိုင်နေသည့် အမျိုးသား(၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...