ဝက်လက်မြို့နယ် ရွာနန်းရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

ဝက်လက်မြို့နယ် ရွာနန်းရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာနန်း ကျေးရွာကို ယနေ့ ဧပြီလ ၇ ရက် နံနက် ၅ နာရီ ခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများ ထံက သိရသည်။

"တချို့ဆို ဘာမှ မလုပ်လောက်ပါဘူး ဆိုပြီး နေနေတာ။ လက်နက်ကြီးနဲ့ ပစ်ပြီး မီးရှို့မှ ထွက်ပြေးရတာ။ ရွာက အိမ်ခြေ ၇၀၀ ကျော် ရှိတယ်။ အကုန် ပြာကျသွားပြီ" ဟု ဒေသခံက ပြောသည်။

ရွာသားတချို့မှာမူ နံနက် ၂ နာရီခန့် ကတည်းက စစ်ကောင်စီတပ် လာနေကြောင်း သတင်းရပြီး ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်ဟု ဆိုသည်။

ရွာနန်းရွာသည် ဝက်လက်မြို့၏ တောင်ဘက် ငါးမိုင်ခန့် အကွာတွင် ရှိပြီး စစ်တပ်က အင်တာနက် ဖြတ်တောက်ထားသည့် နယ်မြေ ဖြစ်သည်။

"တိုက်ပွဲလည်း မရှိဘူး။ PDF လည်း မရှိဘူး။ သက်သက် လာရှို့သွားတာ" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရွာနန်းရွာ၏ မြောက်ဘက် ညောင်ပင်ကြီးတောရွာ ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း စစ်တပ်က ရဟတ်ယာဥ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တောင်သူ လုပ်နေသူ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...