အာရှလမ်းမှာ ကျွဲနွားတင်ကား ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း အပါအဝင် ၂ ဦး သေဆုံး

အာရှလမ်းမှာ ကျွဲနွားတင်ကား ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း အပါအဝင် ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ ကော့နွဲ့တံတားအလွန် ကျောက်ခွဲစက်ရှေ့မှာ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက ကျွဲနွားတင်ကား တစ်စီး ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း အပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကို မောင်းနှင်လာတဲ့ ကျွဲနွားတင် ၆ ဘီးယာဉ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း ဦးခေါင်း ကျဉ်ထိမှန် သေဆုံးပြီးနောက် ကားဟာ လမ်းဘေးချောင်းထဲ ထိုးကျ တိမ်းမှောက်သွားခဲ့တာပါ။

 ကျွဲနွားတင်ကား လမ်းဘေးချောင်းထဲ ထိုးကျသွားတာကြောင့် ယာဉ်မောင်းနဲ့အတူ လာတဲ့ အမျိုးသား ကားညှပ်ပြီး ထပ်မံသေဆုံးခဲ့သလို ကျွဲနွားတချို့လည်း သေဆုံးခဲ့ပါတယ်။

KNU သွားလာခွင့် ပိတ်ပင်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းတွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အာရှလမ်းမမှာ သွားလာနေတဲ့ ယာဉ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒီဖြစ်စဉ် အပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးထားပါတယ်။

KNU ကတော့ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း လမ်းအသုံးပြု ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ မေတ္တာရပ်ခံ ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...