PDF အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော ဆိုတဲ့သတင်းအမှား

PDF အဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော ဆိုတဲ့သတင်းအမှား

အဲ့ဒီသတင်းအမှားကို မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein ဆိုသူက “ PDF အဖွဲ့တွေဟာ စစ်ကောင်စီကို တော်လှန်တာမဟုတ်ပဲ လက်နက်မဲ့အရပ်သားတွေကို တော်လှန်နေတာလို့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာ ဗမာတပ်မတော်နဲ့ ဗမာစစ်သွေးကြွ PDF ဖြစ်နေတာမဟုတ်ပဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာက တော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကို မကျေနပ်လို့ ဒလန်ဆိုပြီး သတ်နေကြတာ၊ ကျွန်တော်တို့ ရခိုင့်တပ်မတော်အနေနဲ့ အခုအချိန်ထိလက်နက်မဲ့ ပြည်သူတွေကိုမသတ်ဖူးဘူး။” လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး “စစ်ကြောင်းကျူးကျော်လာရင်တော့ ဖြစ်တာက လူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ ဒါက AA တပ်မတော်နဲ့ ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ ဒါကတိုက်ပွဲအစစ် လက်ရှိ PDF ဆိုတာက ကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။  ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာ ဒီကောင်တွေက အကြမ်းဖက်နေတာ ဒီပုံစံအတိုင်းသာ PDF တွေကိုလွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့ မျိုးတုံးဖို့ပဲရှိတော့တယ်။ PDF တွေအနေနဲ့ ကျွန်တော်တို့ကိုလာပူးပေါင်ရင်လည်း ကျွန်တော်တို့ကလက်မခံဘူး လိုအပ်လာရင်တော့ဒီကောင်တွေကိုပါ ပေါင်းပြီးရှင်းဖို့ပဲရှိတယ်လို့ ပြောကြားသွားတယ်” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားသလို PDF နဲ့ပတ်သက်ပြီး AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပေးမယ့် AA စစ်ဦးစီးချုပ်အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ PDF နဲ့ပတ်သက်ပြီး တစုံတရာမှတ်ချက်ပေးပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Development Media Group၊ Narinjaraနဲ့ Western News စတဲ့သတင်းဌာနတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီလ ၅ ရက်နေ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ တော့

“ရက္ခိုင့်တပ်တော် AA က လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးကိုသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိသလို စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ရက္ခိုင့်တပ်တော်အနေနဲ့ ချီးကျူးတယ်” လို့ပြောဆိုတာပါတယ်။

Link>>> https://bit.ly/3NN8W98

သတင်းတုတွေကို စိစစ်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescendo စာမျက်နှာမှာလည်း အဲဒီကိစ္စဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားသာဖြစ်တယ်ဆိုတာ ဖော်ပြထားတာတွေ့ရပါတယ်။ Link ကြည့်ရန်.https://myanmar.factcrescendo.com/misleading-claim-about-arakan-army-chi...

ဒါကြောင့် မှုခင်းသတင်း၊ နိုင်ငံရေးနဲ့ အထွေထွေ သတင်းများ ဆိုတဲ့ Group မှာ Nyein Nyein အကောင့်က ရေးသားဖော်ပြထားတာက သတင်းအမှားဖြစ်ပါတယ်။

ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းအမှားများစွာဟာ နေ့စဉ်လိုလို Facebook စာမျက်နှာမှာ နေ့စဉ်နဲ့အမျှမြင်တွေ့နေရတာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သတင်းတု သတင်းမှားများကို စိစစ်ရွေးချယ်ဖတ်ရှုသင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...