ဒွမ်ဘန်တပ်စခန်းမှ ခြေလျင်တက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဒွမ်ဘန်တပ်စခန်းမှ ခြေလျင်တက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်(၂၉၈)တပ်စခန်းမှ ခြေလျင်တက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မွန်းလွဲ(၁)နာရီခန့်က လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မဂေါင်းတောင်ကျေးရွာထိပ်တွင် မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး /ငယ်များ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် လဝါးကျေးရွာ နှစ်ခြင်းဘုရားကျောင်းဝင်းရှိ ကလေးငယ်များနှင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“ဒွမ်ဘန်၊ မန်ပန်တပ်ရင်းဘက်က စစ်ကြောင်းတွေ မဂေါင်းတောင်မှာ မိုင်းဆွဲခံရတာ။ တစ်နာရီလောက်က မိုင်းသံအရင်မြည်ပြီးမှ လက်နက်သေး လက်နက်ကြီးသံတွေ မြည်တာ။ မိနစ်နှစ်ဆယ်လောက် ပစ်နေတာ။ခုလောလောဆယ်တော့ ငြိမ်နေတယ်။ အခြေအနေမသိသေးရသေးတော့ အရမ်းစိုးရိမ်နေကြတယ်။ အခုဘုရားကျောင်းမှာက နွေရာသီကျောင်းဖွင့်ထားတော့ ကလေးတွေလည်းကြောက်လို့ ဝပ်နေကြတယ်။ “

လက်ရှိအချိန် ထိခိုက်ပျက်စီးမှု အခြေအနေများ မသိရှိရသေးကြောင်းနှင့် ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တနိုင်းမြို့မှ လိုင်ဇာမြို့သို့ တပ်ချိန်းရန်ထွက်ခွာသည့် တပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...