သင်္ကြန်မှာ စနိုက်ပါ အပါအဝင် လုံခြုံရေးတင်းကြပ်ထားဖို့ စစ်ကောင်စီညွှန်ကြားထား

သင်္ကြန်မှာ စနိုက်ပါ အပါအဝင် လုံခြုံရေးတင်းကြပ်ထားဖို့ စစ်ကောင်စီညွှန်ကြားထား

ရန်ကုန်မှာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် စနိုက်ပါသမားအပါအဝင် လုံခြုံရေး အင်အားတိုးမြှင့်ထားဖို့ စစ်ကောင်စီက လျှိူ့ဝှက် ညွှန်ကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သင်္ကြန်မဏ္ဍပ် လုံခြုံရေးအတွက် ဗဟိုစည်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အား (၂၃)ယောက် ချထားဖို့နဲ့ အတွင်းစည်းလုံခြုံရေးအတွက် တပ်ရင်းမှူး ဦးစီး စစ်ကြောင်း တစ်ကြောင်း အပါအဝင် တပ်ခွဲတစ်ခွဲ ချထားဖို့ ညွှန်ကြားထားတာပါ။

ဒါ့အပြင် အပြင်စည်းလုံခြုံရေးအတွက် တပ်ခွဲ တစ်ခွဲနဲ့ ယာဉ်ထိန်းရဲ တပ်စုတစ်စုအပြင် အမြင့်တင် လုံခြုံရေးအတွက် စနိုက်ပါ အဖွဲ့ တစ်ဖွဲ့ထားရှိထားဖို့ လည်းညွှန်ကြားထားပါတယ်။

CDM ရဲအရာရှိ (၁)ယောက်ကတော့ သင်္ကြန်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထား တဲ့အတွက်ကြောင့် မြို့ပြပျောက်ကြားအဖွဲ့တွေအနေနဲ့ အထူးသတိထားကြဖို့ တိုက်တွန်းပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဒီနှစ် ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ညွှန်ကြားထားပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့နဲ့ တော်လှန်သင်္ကြန် ဆက်လက် ဆင်နွှဲပေးဖို့ တောင်းဆိုထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...