သင်္ကြန်မှာ စနိုက်ပါ အပါအဝင် လုံခြုံရေးတင်းကြပ်ထားဖို့ စစ်ကောင်စီညွှန်ကြားထား

သင်္ကြန်မှာ စနိုက်ပါ အပါအဝင် လုံခြုံရေးတင်းကြပ်ထားဖို့ စစ်ကောင်စီညွှန်ကြားထား

ရန်ကုန်မှာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် စနိုက်ပါသမားအပါအဝင် လုံခြုံရေး အင်အားတိုးမြှင့်ထားဖို့ စစ်ကောင်စီက လျှိူ့ဝှက် ညွှန်ကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သင်္ကြန်မဏ္ဍပ် လုံခြုံရေးအတွက် ဗဟိုစည်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အား (၂၃)ယောက် ချထားဖို့နဲ့ အတွင်းစည်းလုံခြုံရေးအတွက် တပ်ရင်းမှူး ဦးစီး စစ်ကြောင်း တစ်ကြောင်း အပါအဝင် တပ်ခွဲတစ်ခွဲ ချထားဖို့ ညွှန်ကြားထားတာပါ။

ဒါ့အပြင် အပြင်စည်းလုံခြုံရေးအတွက် တပ်ခွဲ တစ်ခွဲနဲ့ ယာဉ်ထိန်းရဲ တပ်စုတစ်စုအပြင် အမြင့်တင် လုံခြုံရေးအတွက် စနိုက်ပါ အဖွဲ့ တစ်ဖွဲ့ထားရှိထားဖို့ လည်းညွှန်ကြားထားပါတယ်။

CDM ရဲအရာရှိ (၁)ယောက်ကတော့ သင်္ကြန်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထား တဲ့အတွက်ကြောင့် မြို့ပြပျောက်ကြားအဖွဲ့တွေအနေနဲ့ အထူးသတိထားကြဖို့ တိုက်တွန်းပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဒီနှစ် ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ညွှန်ကြားထားပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့နဲ့ တော်လှန်သင်္ကြန် ဆက်လက် ဆင်နွှဲပေးဖို့ တောင်းဆိုထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...