ဖားကန့်မြို့ လျှပ်စစ်ရုံးနှစ်ခုတွင် ဗုံးပေါက်ကွဲ

ဖားကန့်မြို့ လျှပ်စစ်ရုံးနှစ်ခုတွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ လျှပ်စစ်ရုံးနှစ်ခုတွင် လွန်ခဲ့သည့် ဧပြီ ၁ ရက် ည (၇)နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် လျှပ်စစ်ရုံးဝင်းနှင့် ဆိုင်းတောင်ဘက်ရှိ ယူမာလျှပ်စစ်ရုံးဝင်းတွင် ဗုံး‌ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဖားကန့်မြို့နယ် လျှပ်စစ်ရုံးဝင်းမှာ တစ်လုံးပေါက်တယ်။ ပြီးတော့ ယူမာ လျှပ်စစ်ရုံးဝင်းမှာလည်း တစ်လုံးပေါက်တယ်။ (၂)နေရာမှာ ပေါက်တာ။ ဒဏ်ရာရတဲ့သူ ရှိတယ်ကြားမိတယ်။”ဟု ၎င်းက ဆိုသည်။

ဖားကန့်မြို့တွင် လျှပ်စစ်ရုံးများမှ မီတာခ လိုက်လံကောက်ခံခြင်း မရှိသည်မှာ(၂)နှစ်ကြာမြင့်နေရာမှ လက်ရှိ ပြန်လည် ကောက်ခံနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

“ဖားကန့်မှာက မီတာခ မကောက်တာ ကြာပြီ။ ကိုဗစ် ဖြစ်ကတည်းက‌နေပေါ့။ (၂)နှစ်လောက်ရှိပြီ မကောက်တာ။ အခုက ပြန်လိုက်ကောက်တော့ လုပ်တာ ထင်တယ်။ အခုက အထက်က ဖိအားအရမ်းပေးလို့ လိုက်ကောက်တာ ထင်တယ်။ ပြီးတော့ မထည့်တဲ့ သူတွေကို မီးဖြတ်မယ်လို့လည်း ခြိမ်းခြောက်တာတွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ(၂၄)ရက်နေ့ကလည်း လမ်းသွား၊ လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေသည့် ဖားကန့်မြို့ ရဲစခန်းရှေ့ ဂိတ်လည်း ဗုံး ဖောက်ခွဲခံခဲ့ရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...