ကချင်ပြည်နယ်တရားလွှတ်တော် အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်ဝင်းအား ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ်တစ်သောင်း ချမှတ်ဟုဆို

ကချင်ပြည်နယ်တရားလွှတ်တော် အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်ဝင်းအား ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ်တစ်သောင်း ချမှတ်ဟုဆို

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနှင့် ရဇသတ်ကြီး ပုဒ်မ ၁၂၄- က တို့ဖြင့် တရားစွဲဆို ခံထားရသည့် ကချင်ပြည်နယ်တရားလွှတ်တော်မှ အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်ဝင်းအား ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ် (၁၀၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။

ဒေါ်ယဉ်ယဉ်ဝင်းအား ၂၀၂၁ ခုနှစ် ဩဂုတ်လက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားမြို့နယ် တရားခုံရုံးတွင် အမှုကြားနာစစ်ဆေးနေချိန် မြစ်ကြီးနားခရိုင် တရားခုံရုံးတွင်လည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄-က ဖြင့် ထပ်မံပြီး တရားစွဲဆိုခံခဲ့ရကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရသည်။

“စဖမ်းတဲ့အချိန်ကတော့ ၅၀၅-က နဲ့ ဖမ်းပြီး စွဲနေရင်းနဲ့ ၁၂၄-က နဲ့ တစ်ခါ ခရိုင်မှာထပ်စွဲတာ။ အခုက သူ့ကို ၅၀၅-က နဲ့ နှစ်နှစ်ချတယ်။ မြစ်ကြီးနားခရိုင်ကကြတော့ ၁၂၄- က နဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ တစ်သောင်းရိုက်တယ်။” ဟု ဒေါ်ယဉ်ယဉ်ဝင်းနှင့် နီးစပ်ရာအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက မြစ်ကြီးနာသတင်းဂျာနယ်သို့ ပြောသည်။

လက်ရှိအချိန် ယင်းအမှု နှစ်မှုနှင့် ပတ်သက်ပြီး အယူခံဝင်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရပြီး ဒေါ်ယဉ်ယဉ်ဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး Civil Disobedience Movement(CDM) တွင် ပါဝင်ခဲ့ပြီးနောက် ပြန်လည် တာဝန်ထမ်းဆောင်ချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...