ကချင်ပြည်နယ်တရားလွှတ်တော် အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်ဝင်းအား ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ်တစ်သောင်း ချမှတ်ဟုဆို

ကချင်ပြည်နယ်တရားလွှတ်တော် အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်ဝင်းအား ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ်တစ်သောင်း ချမှတ်ဟုဆို

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနှင့် ရဇသတ်ကြီး ပုဒ်မ ၁၂၄- က တို့ဖြင့် တရားစွဲဆို ခံထားရသည့် ကချင်ပြည်နယ်တရားလွှတ်တော်မှ အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်ဝင်းအား ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ် (၁၀၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။

ဒေါ်ယဉ်ယဉ်ဝင်းအား ၂၀၂၁ ခုနှစ် ဩဂုတ်လက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားမြို့နယ် တရားခုံရုံးတွင် အမှုကြားနာစစ်ဆေးနေချိန် မြစ်ကြီးနားခရိုင် တရားခုံရုံးတွင်လည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄-က ဖြင့် ထပ်မံပြီး တရားစွဲဆိုခံခဲ့ရကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရသည်။

“စဖမ်းတဲ့အချိန်ကတော့ ၅၀၅-က နဲ့ ဖမ်းပြီး စွဲနေရင်းနဲ့ ၁၂၄-က နဲ့ တစ်ခါ ခရိုင်မှာထပ်စွဲတာ။ အခုက သူ့ကို ၅၀၅-က နဲ့ နှစ်နှစ်ချတယ်။ မြစ်ကြီးနားခရိုင်ကကြတော့ ၁၂၄- က နဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ တစ်သောင်းရိုက်တယ်။” ဟု ဒေါ်ယဉ်ယဉ်ဝင်းနှင့် နီးစပ်ရာအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက မြစ်ကြီးနာသတင်းဂျာနယ်သို့ ပြောသည်။

လက်ရှိအချိန် ယင်းအမှု နှစ်မှုနှင့် ပတ်သက်ပြီး အယူခံဝင်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရပြီး ဒေါ်ယဉ်ယဉ်ဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး Civil Disobedience Movement(CDM) တွင် ပါဝင်ခဲ့ပြီးနောက် ပြန်လည် တာဝန်ထမ်းဆောင်ချိန်တွင် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...