ဒေါက်တာ အမ်ကောန်လအား ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်စွဲချက်တင်ထားကြောင်း KNC ထုတ်ပြန်

ဒေါက်တာ အမ်ကောန်လအား ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်စွဲချက်တင်ထားကြောင်း KNC ထုတ်ပြန်

နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြီးခဲ့သည့် မတ်လ (၂၃) ရက်နေ့က ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သော ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လအား မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ပုဒ်မ ၅၀၅-ကဖြင့် ထပ်မံပြီး အမှုဖွင့် စွဲချက် တင်ထားသည့်အတွက် လာရောက် တရားရင်ဆိုင်ဖွယ်ရှိကြောင်း သိရသည်။

နေပြည်တော် ဇမ္ဗူသီရီတရားရုံးတွင် စွဲဆိုခံထားရသည့် အမှုအတွက် အမိန့်ချပြီးပြီဖြစ်သော်လည်း မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့က ထပ်မံအမှုဖွင့်ထားသည်ကို သိရှိရသဖြင့် ဧပြီလ သင်္ကြန်မတိုင်မီ အချိန်တွင် လာရောက်တရားရင်ဆိုင်ရန် ရှိကြောင်း KNC ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဒေါက်တာအမ်ကောန်လ၏ အမှုအခြေနေကို အသေးစိတ်သိနိုင်ရန် KNC ပါတီအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဒေါက်တာ အမ်ကောန်လသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအား ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားလေ့ရှိပြီး တရုတ်ပိုးလမ်းမသစ်စီမံကိန်း One Belt One Road Initiative ရေးနှင့် ပတ်သက်ပြီးလည်း ဝေဖန်ရေးသားခဲ့ပြီးသည့်နောက် ရက်ပိုင်းအကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအပြင် ဒေါက်တာအမ်ကောန်လ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းက နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတအရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားလေ့ရှိသူ ဖြစ်သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...