မြန်မာဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၁၅၂ သန်း အမေရိကန်ကူညီမည်

မြန်မာဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၁၅၂ သန်း အမေရိကန်ကူညီမည်

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအပါအဝင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသောသူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၅၂ သန်း ကူညီမည်ဟု အမေရိကန်က ကြေညာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ် ပရက်စ်က ပြောသည်။

“မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး ရှင်းလင်းသုတ်သင်မှုတွေ သက်ရောက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဒေသတွင်းက အခြားနေရာတွေက ဒုက္ခသည်တွေအတွက် ထပ်တိုး လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန်ဒေါ်လာ ၁၅၂ သန်းကျော် ပေးသွားဖို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပီတာ ဟတ်စ်က ကြေညာခဲ့တာ ဖြစ်ပါတယ်”ဟု အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ပရက်စ်က ပြောကြောင်း Sputnik သတင်းက ဖော်ပြသည်။

ယခု အကူအညီ၏ အများစု အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ဘင်္ဂလားဒေ့ရှ်ရှိ ရိုဂျင်ဂျာဒုက္ခသည် ၉၂၀၀၀၀ အတွက် အသက်ရှင်ရပ်တည်ရေး အကူအညီများတွင် သုံးစွဲသွားမည်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်းက မြန်မာစစ်တပ်သည် အရေးပေါ်အခြေအနေအတွင်း အာဏာအလွှဲအပြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချကာ အာဏာသိမ်းယူခဲ့သည်။ အထွေထွေရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟု စွပ်စွဲပြီး အစိုးရတာဝန်ရှိသူများကို စစ်တပ်က ဖမ်းဆီးကာ နောက်ပိုင်းတွင် အစိုးရသစ် ခန့်အပ်ခဲ့သည်။ စစ်တပ်၏ လုပ်ရပ်များကြောင့် အရပ်ဘက် မတည်မငြိမ်မှုများ ပေါ်ပေါက်ခဲ့ရာ အဆိုပါ အာဏာသိမ်းမှုမှနောက်ပိုင်း လူပေါင်း ၁၆၀၀ ကျော် သတ်ဖြတ်ခံရကာ ၁၂၀၀၀ ကျော် ဖမ်းဆီးခံရပြီး ပြည်တွင်း၌ နေရပ်ရွှေ့ပြောင်းရသူပေါင်း ၅၀၀၀၀၀ ထက်မနည်း ရှိခဲ့သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...