မိုးညှင်းတွင် သစ်သားတင်ကားဖြတ်ကူးစဉ် တံတားကျိုးကျမှုကြောင့် လူနှစ်ဦးသေဆုံး

မိုးညှင်းတွင် သစ်သားတင်ကားဖြတ်ကူးစဉ် တံတားကျိုးကျမှုကြောင့် လူနှစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ၊ နန့်ပုတ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း (၉) နာရီဝန်းကျင်ခန့်က ပျဥ်တင်ဆောင်လာသည့် ကားဖြတ်သန်းချိန် တံတားကျိုးကျပျက်စီးပြီးအမျိုးသား(၂)ဦး  သေဆုံးသွားကြောင်း သိရသည်။

မိုးညှင်းမြို့ အနောက်ဖက်ခြမ်းနှင့် ဆက်သွယ်ထားသည့် နန့်ပုတ်ကျေးရွာရှိ နန့်ရင်းချောင်းကူးတံတား ကျိုးကျသွားခြင်းဖြစ်ပြီး မိုးညှင်းမြို့ ၊ သိမ်အင်းရပ်ကွက်နေ အောင်မြင့်ထွန်း နှင့် မောင်မြင့် ဆိုသူနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“ဒီမနက် ၈ နာရီ ၄၅ လောက်က ပျဥ်တင်ထားတဲ့ကားဖြတ်လာချိန် တံတားကျိုးသွားတာ။ ရွာကတာဝန်ရှိသူကို မေးကြည့်တော့ သိမ်အင်းရပ်ကွက်က အောင်မြင့်ထွန်းနဲ့ မောင်မြင့် နှစ်ယောက်ဆုံးသွားတယ်တဲ့။အသက်အရွယ်က မသိရသေးဘူး။”ဟု ဒေသခံကဆိုသည်။

ကျိုးကျသွားသည့် အဆိုပါတံတားကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...