ရှမ်းမြောက် ဆင်လီကောင်ရာကျွေးရွာနေ အမျိုးသား (၇) ဦးခန့်ကို စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်

ရှမ်းမြောက် ဆင်လီကောင်ရာကျွေးရွာနေ အမျိုးသား (၇) ဦးခန့်ကို စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state)အတွင်းက နမ္မတူမြို့နယ်၊ ဆင်လီကောင်ရာကျေးရွာရှိ အိမ်ထောင်သည်အမျိုးသား (၇)ဦးခန့်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန်နေ့က စစ်ကောင်စီတပ်သားများမှ စစ်ကြောင်းထိုးဝင်ရောင်လာပြီး ရွာအတွင်း တပ်စခန်းချနေထိုင်ရာမှ ယနေ့မနက်တွင် ဒေသခံအမျိုးသား (၇)ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်ကာ ခြေလျင်စစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ‌ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ရွာမှာ ရှိနေတဲ့ ယောက်ျားလေးတွေကို ဖမ်းသွားတယ်။ (၇)ယောက်လောက်တော့ ရှိမယ်။ အသက် ၄၀-၅၀ကြားရှိမယ်။ သူတို့က အခု ရွာကနေ ထွက်သွားပြီ။ အခုက ရွာသားတွေကို လမ်းပြလို့ဆိုပြီး ခေါ်သွားတာလား မပြောတတ်ဘူး”ဟု ၎င်းက ဆိုသည်။

ဆင်လီကောင်ရာ ကျေးရွာနေ ပြည်သူများသည် ယမန်နေ့ မနက်အစောပိုင်းမှ စတင်ကာ လက်နက်ကြီး/ငယ် ပစ်ခတ်သံ ကြားနေရာခြင်းသာမက စစ်ကောင်စီတပ်များ ရွာတွင်း စခန်းချနေထိုင်နေသောကြောင့် ဒေသခံအချို့ ဘေးလွတ်ရာ တော၊ တောင်ဆီ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည်။

အင်အား(၁၀၀) ခန့်ဖြင့် စစ်ကောင်စီမှ စစ်ကြောင်းထိုးလာခြင်းဖြစ်ဖြစ်ပြီး ဆင်လီကောင်ရာ ကျေးရွာသည် အိမ်ခြေ (၃၀)ကျော်ရှိကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...