ဟားခါးမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစင်း ပျက်ကျ

ဟားခါးမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစင်း ပျက်ကျ

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီမိနစ် ၂၀ ခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါရဟတ်ယာဉ်သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာသည့် ရဟတ်ယာဉ် ဖြစ်ပြီး ဟားခါးမြို့သို့အဆင်းတွင် ထိုကဲ့သို့ပျက်ကျသွားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ် ဦးကပြောသည်။

“ ၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့ အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်’’ ဟု ၎င်းကပြောသည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးမှုမရှိသော်လည်း ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...