ဟားခါးမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစင်း ပျက်ကျ

ဟားခါးမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစင်း ပျက်ကျ

ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီမိနစ် ၂၀ ခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါရဟတ်ယာဉ်သည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ၁၀ တန်းစာမေးပွဲမေးခွန်းများသယ်ဆောင်လာသည့် ရဟတ်ယာဉ် ဖြစ်ပြီး ဟားခါးမြို့သို့အဆင်းတွင် ထိုကဲ့သို့ပျက်ကျသွားခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရဌာနမှ အမည်မဖော်လိုသူတစ် ဦးကပြောသည်။

“ ၉ နာရီကျော်ကျော်လောက်မှာ ကလေးမြို့ကနေ တက်လာတာ ဒီကိုရောက်လာတာ ကိုးနာရီ ၁၅ လောက်ရှိမယ် ဆင်းတဲ့ အခါမှာ ဝိတ်များတော့ ကုန်းပေါ်မှာဆင်းခါနီးမှဖြစ်သွားတယ်ပြောတယ်’’ ဟု ၎င်းကပြောသည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးမှုမရှိသော်လည်း ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...