ဖားကန့်တွင် KIA နှင့် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီလေယာဉ်ဖြင့် လာရောက်ပစ်ခတ်

ဖားကန့်တွင် KIA နှင့် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီလေယာဉ်ဖြင့် လာရောက်ပစ်ခတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် တာမခန်ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ ယနေ့မနက်(၁၀)နာရီကျော်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

KIAတပ်ရင်း(၁၄)နှင့်(၂၆)ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်သားများ လမ်းခုလတ် တစ်နေရာတွင် ထိပ်တိုက်တွေ့ပြီး (၁)နာရီကျော်ခန့် နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် (၂)ကြိမ်တိုင် လာရောက် ပစ်ခတ်သွားကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနာ်သို့ ပြောသည်။

“တပ်ရင်း(၁၄)နဲ့ (၂၆)ပူးပေါင်းတပ်တို့နဲ့ ဖားကန့်သွားလမ်းမှာ ဖြစ်ကြတာ။ KIAဘက်က အခွန်လာကောက်ချိန် စစ်ကောင်စီတပ်သား‌တွေနဲ့ထိပ်တိုက်တွေ့ပြီး ပစ်ကြတာ။ သူတို့ဘက်က လေယာဉ်နဲ့လည်း ပစ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် KIAတပ်ရင်း(၁၄)၏ တပ်စခန်းတစ်ခုကိုလည်း စစ်ကောင်စီလေယာဉ်ဖြင့် ယနေ့ နံနက်(၃)နာရီဝန်းကျင်က တစ်ကြိမ်လာရောက် ပစ်ခတ် သွားပြီး ဗျူဟာကုန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လေယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ထိခိုက်ပျက်စီးမှု ရှိခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...