မြဝတီ - ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်တင်ယာဉ်ပစ်ခတ်ခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံး

မြဝတီ - ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်တင်ယာဉ်ပစ်ခတ်ခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံး

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်‌က ခရီးသည်တင်ယာဉ်ငယ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ယာယီဘေလီတံတားနီးမှာ မြ၀တီကနေဆင်းလာတဲ့ ယာဉ်ငယ်တစ်စီး မနက် ၈ နာရီ ၂၀ အချိန်က ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့တာပါ။

"ဟုတ်ပါတယ်။ ဒီမနက်ပိုင်း ပစ်ခံရတာပါ။ ယာယီဘေလီတံတားနားမှာဖြစ်တာ။ သေဆုံးသူက မော်လမြိုင်ကလို့တော့ သိရတယ်။ အလောင်းကိုတော့ ကော့ကရိတ်ဆေးရုံကို ပို့ဆောင်ထားတယ်'လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမမှာ ဒီကနေ့မနက်ပိုင်းက ကုန်တင်ယာဉ်ကြီးတွေ သွားလာမှုမရှိပဲ ရပ်တန့်နားထားပြီး အခြေအနေကိုစောင့်ကြည့်နေကြကာ ယာဉ်ငယ်တချို့ကတော့ သွားလာမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မနေ့ မတ်လ ၂၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် အာရှလမ်းရဲ့ တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ်နှစ်စီး မီးရှို့ခံခဲ့ရသေးတာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတာဖြစ်ပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေလမ်းပိုင်းကို မတ်လ ၂၇ ရက်နေ့ကစပြီး ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေမပြုလုပ်ဖို့ ကေအဲန်ယူက တပ်မဟာ ၆ က စာအသိပေးထုတ်ပြန်ထားပြီး ဒီလိုအသိပေးထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ သွားလာမှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...