မြဝတီ - ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်တင်ယာဉ်ပစ်ခတ်ခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံး

မြဝတီ - ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်တင်ယာဉ်ပစ်ခတ်ခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံး

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်‌က ခရီးသည်တင်ယာဉ်ငယ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ယာယီဘေလီတံတားနီးမှာ မြ၀တီကနေဆင်းလာတဲ့ ယာဉ်ငယ်တစ်စီး မနက် ၈ နာရီ ၂၀ အချိန်က ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့တာပါ။

"ဟုတ်ပါတယ်။ ဒီမနက်ပိုင်း ပစ်ခံရတာပါ။ ယာယီဘေလီတံတားနားမှာဖြစ်တာ။ သေဆုံးသူက မော်လမြိုင်ကလို့တော့ သိရတယ်။ အလောင်းကိုတော့ ကော့ကရိတ်ဆေးရုံကို ပို့ဆောင်ထားတယ်'လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းမမှာ ဒီကနေ့မနက်ပိုင်းက ကုန်တင်ယာဉ်ကြီးတွေ သွားလာမှုမရှိပဲ ရပ်တန့်နားထားပြီး အခြေအနေကိုစောင့်ကြည့်နေကြကာ ယာဉ်ငယ်တချို့ကတော့ သွားလာမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မနေ့ မတ်လ ၂၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် အာရှလမ်းရဲ့ တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ်နှစ်စီး မီးရှို့ခံခဲ့ရသေးတာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတာဖြစ်ပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေလမ်းပိုင်းကို မတ်လ ၂၇ ရက်နေ့ကစပြီး ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေမပြုလုပ်ဖို့ ကေအဲန်ယူက တပ်မဟာ ၆ က စာအသိပေးထုတ်ပြန်ထားပြီး ဒီလိုအသိပေးထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ သွားလာမှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...