ဖားကန့်ရဲစခန်းဂိတ် ဗုံးပေါက်ကွဲပြီး ရဲ (၃) ဦးသေဆုံးဟုဆို

ဖားကန့်ရဲစခန်းဂိတ် ဗုံးပေါက်ကွဲပြီး ရဲ (၃) ဦးသေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ရဲစခန်းရှေ့ရှိ ဂိတ်တွင် ယမန်နေ့ ညနေ (၃)နာရီ အချိန်ခန့်က ဗုံး ဖောက်ခွဲခံရပြီး ရဲ သုံးဦး သေဆုံးသွားကြောင်း သိရသည်။

ယင်းဂိတ်သည် လတ်တလောအချိန်၌ လမ်းသွား/လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေသည့် နေရာဖြစ်ပြီး ယနေ့တွင် ဗုံးဖောက်ခွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“(၃)နာရီခွဲလောက်မှာ ရဲစခန်းမှာ ဗုံးပေါက်တာ။ တစ်ခါပဲ ဖောက်သံကြားတာ။ အဲဒီ ရဲစခန်းရှေ့တွေမှာ ခုတလော အရမ်းစစ်ဆေးနေတာ ဟုတ်တယ်။ (၃)ယောက်လောက် သေတယ် ကြားတယ်။ ရဲစခန်းရဲ့ အပေါက်ဝဂိတ်မှာ ပစ်ပေးတာ ဟုတ်တယ်။ ဘယ်သူတွေ ပစ်လဲတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

ယခင်နေ့များကလည်း ယင်းရဲစခန်းရှေ့အပြင် အေးမြသာယာရပ်ကွက်များတွင် ကား၊ ဆိုင်ကယ်ဖြင့် သွားလာသည့် လမ်းသွား၊ လမ်းလာပြည်သူများကို စစ်ကောင်စီတပ်သားများက တားဆီး မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...