မြစ်ကြီးနား Pat Jasan အဖွဲ့က ဆိုင်ကယ်ပျောက်ဆုံးမှုများ ကူညီရှာဖွေပေးနေ

မြစ်ကြီးနား Pat Jasan အဖွဲ့က ဆိုင်ကယ်ပျောက်ဆုံးမှုများ ကူညီရှာဖွေပေးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan)အနေဖြင့် ဆိုင်ကယ် ပျောက်ဆုံးသွားသည့် ပြည်သူများအတွက် ရှာဖွေကူညီ ဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသည့် သူများက ဆိုင်ကယ် အရောင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့် ဆိုင်များတွင် ပေါင်နှံထားခြင်းများရှိသည်ကို ၎င်းတို့ အနေဖြင့် လိုက်လံ ကူညီရှာဖွေခဲ့ရာ လက်ရှိ ဆိုင်ကယ်(၇)စီးကို ပိုင်ရှင်များထံ အပ်နှံနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆပ်ကပ်ပါဝင်နေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပေါင်ထားတဲ့ ဟာတွေပေါ့။ မူးယစ်ဆေးဝါးသုံးတဲ့ သူတွေ ဆီကနေပေါ့။ (၇)စီးလောက်ရှိတယ်။ ဆိုင်ကယ်ဆိုင်တို့ ကွမ်းယာဆိုင်တို့မှာ ပေါင်ထားကြတယ်။ ကျွန်တော်တို့က အခကြေးငွေမယူဘဲနဲ့ ကူညီပေးတာ။ တစ်လကျော်လောက် လိုက်လိုက်ရတယ်။ ဒီဆိုင်ကယ်(၇)စီး ပြန်ရဖို့။  အခုက ပိုင်ရှင်တွေ ယူသွားကြပြီ။ အကူအညီ လာတောင်းတဲ့သူတွေကို ဆက်လက်ကူညီသွားမယ်။” ဟု ၎င်းက ဆိုသည်။

၎င်းတို့ အနေဖြင့် အကူအညီတောင်းလာသည့် ပြည်သူများအတွက် အခကြေးငွေမယူဘဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...