ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လ ထောင်ဒဏ် (၂ ) နှစ်ချမှတ်ခံရ

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လ ထောင်ဒဏ် (၂ ) နှစ်ချမှတ်ခံရ

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုခံထားရသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ  ဒေါက်တာအမ်ကောန်လအား စစ်ကောင်စီ၏ နေပြည်တော်မြို့နယ် ၊ ဇမ္ဗူသီရိ တရားရုံးမှ ယနေ့ မတ်လ (၂၃)  ရက်တွင်  ထောင်ဒဏ် (၂ ) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါက်တာအမ်ကောန်လအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့ ညနေ  (၄) နာရီအချိန်ခန့်က နေပြည်တော်ရှိ သူ၏ ဆေးခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက အရပ်ဝတ်များနှင့် လာရောက် ဖမ်းဆီးခဲ့ပြီးနောက်  ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဇမ္ဗူသီရိတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အမ်ကောန်လည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအား သူ၏  Facebook စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားလေ့ရှိပြီး  တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်း One Belt One Road Initiative အရေးနှင့်  ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့ပြီးသည့်နောက် ရက်ပိုင်းအကြာတွင်  ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဒါ့အပြင် ဒေါက်တာအမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF) အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းမှ နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတအရေး နဲ့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားလေ့ရှိသူလည်း ဖြစ်သည်။

ဒေါက်တာအမ်ကောန်လ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...