PDFအကြမ်းဖက်လူသတ်သမားအုပ်စုအဖွဲ့မှှ ရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးပျက်စီးသွားသော လူနေအိမ်ပေါင်း ခန့်မှန်း ၇၂၁၈ လုံးထိရှိလာဆိုတဲ့ သတင်းအမှား

PDFအကြမ်းဖက်လူသတ်သမားအုပ်စုအဖွဲ့မှှ ရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးပျက်စီးသွားသော လူနေအိမ်ပေါင်း ခန့်မှန်း ၇၂၁၈ လုံးထိရှိလာဆိုတဲ့ သတင်းအမှား

ထိုသတင်းအမှားကို သတင်းနှင့်ခံစားချက်ရင်ဖွင့်သံများ ဆိုတဲ့ Facebook အကောင့်မှာ မတ်လ ၁၇ ရက်နေ့က ဖော်ပြထားတာဖြစ်ပြီး  “PDF  အကြမ်းဖက်လူသတ်သများရဲ့ ရွာများအားမီးရှို့ဖျက်ဆီးမှုဟာ မြန်မာနိုင်ငံအနှံ‌ နေရာပေါင်း ၂၀၁ နေရာထိရှိလားပြီး မတ်လ ၁၅ ရက်နေ့အထိ PDF အကြမ်းဖက်လူသတ်သမားအုပ်စုမှ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုမှာ… စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄,၄၂၆ လုံး၊ မကွေးတိုင်းတွင် အိမ်ခြေ ၁,၁၄၈လုံး၊ ချင်းပြည်နယ်တွင် အိမ်ခြေ ၁,၁၂၁လုံး၊ ကယားပြည်နယ်တွင် အိမ်ခြေ ၃၅၇ လုံးတို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ လူနေအိမ် ၉၆၁ လုံး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လူနေအိမ် ၁,၀၅၉ လုံး၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လူနေအိမ်၂,၈၈၂ လုံး၊ ၂၀၂၂ ခုနှစ် မတ်လတွင် လူနေအိမ် ၁၁၂၁ လုံးတို့ ဖြစ်တယ်လို့”

ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Data for Myanamar မှာရေးသားဖော်ပြထားတဲ့ အချက်အလက်များကို အဲဒီအကောင့်ပိုင်ရှင်က ပြန်လည်ကူးယူရေးသားပြီး စာဖတ်သူများအနေနဲ့ PDF တပ်ဖွဲ့ကို အထင်မြင်လွဲမှားစေရန် တမင်သက်သက်ပုံမှားရိုက်ရေး သားထားခြင်း သာဖြစ်ပါတယ်။

Data for Myanmar ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို  ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ Data for Myanmar ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတာပါ။ သတင်းဌာနတစ်ခုချင်းစီက မတူညီတဲ့အရေအတွက်ကို Cross-check လုပ်ပြီး ပြန်လည်စိစစ်လေ့ရှိပါတယ်။ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့စာရင်းတွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။

Data for Myanmar မှ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းများက လူနေအိမ်မီးရှို့ထားတဲ့ စာရင်းကို အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Link>>>https://www.facebook.com/824067484628125/posts/1576088836092649/?sfnsn=mo

သတင်းနှင့်ခံစားချက်ရင်ဖွင့်သံများ ဆိုတဲ့ Facebook အကောင့်မှာဖော်ပြထားသလို PDF အကြမ်းဖက်လူသတ် သမားအုပ်စုအဖွဲ့မှှ ရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့်ဆုံးရှုံးပျက်စီးသွားသော လူနေအိမ်ပေါင်း ခန့်မှန်း ၇၂၁၈ လုံးထိရှိလာ ဆိုတာသတင်းအမှားဖြစ်သာဖြစ်ပြီး တကယ္ေတာ့ စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်စီးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...