နတ်တလင်း၌ PDF လင်မယား လက်နက်ချအပြီးပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

နတ်တလင်း၌ PDF လင်မယား လက်နက်ချအပြီးပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ပဲခူးတိုင်း ၊ နတ်တလင်း မြို့နယ် နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် လင်မယား နှစ်ဦး ဇီးကုန်းမြို့နယ် ရဲစခန်း၌ လက်နက်ချခဲ့မှု အပြီး နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့နယ်မှ သံဃာတော်နှင့် ပြည်သူ ၁၀ ဦးထက် မနည်း ဖမ်းဆီး ခံခဲ့ရသည်။

လက်နက် ချသူမှာ ဇီးကုန်းမြို့၌ နေထိုင်သူ ကိုမျိုးကြီး ဆိုသူ ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့တွင် လက်နက် ချခဲ့ခြင်း ဖြစ်သည်။ အဖမ်း ခံရသူများမှာ ၎င်း လက်နက်ချအပြီး နောက်ပိုင်းရက်များ အတွင်း ရက်အလိုက် ဖမ်းခံရခြင်း ဖြစ်သည်။

“အဲ့ဒီ သတင်းက ဟုတ်ပါတယ်။ သူက ရက်တိုသင်တန်း တက်ထားသူပါ။ မိသားစုနဲ့ အတူ စခန်းမှာ နေပါတယ်။ စခန်းရဲ့ စားရေးသောက်ရေးကို တာဝန် ယူပေးနေတာ။ စစ်ရေးတာဝန် တရားဝင် ပေးအပ် ထားတာတော့ မရှိပါဘူး။ သူတို့ဘာသာ ရာထားတာမျိုးတော့ ရှိပါလိမ့်မယ်။ သူ့ အမျိုးသမီးနဲ့ အတူ ရဲစခန်းမှာ ခံဝန် သွားထိုးတာ။ မိသားစု ဖိအားကြောင့်လို့ ထင်ပါတယ်” ဟု Bago Region PDF တာဝန်ခံ တစ်ဦးက ပြောသည်။

၎င်းသည် နတ်တလင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ၊ ဇီးကုန်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့နှင့် ဆက်စပ် ပတ်သက်မှုများ ရှိခဲ့ခြင်းကြောင့် ယခုအခါ ၎င်းတပ်ဖွဲ့ နှစ်ဖွဲ့လုံး တိမ်းရှောင် နေကြရသည်။

ယခု ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ အချို့မှာ ပြန်လည် လွတ်မြောက်လာသော်လည်း တချို့မှာ အကြမ်းဖက် ပုဒ်မဖြင့် တရား စွဲဆို ခံထားရသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...