ကလေးမြို့ တောင်ဖီလာရပ်ကွက်အတွင်း ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ကလေးမြို့ တောင်ဖီလာရပ်ကွက်အတွင်း ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ကလေးမြို့ တော်ဖီလာရပ်ကွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် PDF (Kalay) တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းက တာဟန်းရပ်ကွက်ဘက်မှ တောင်သာဘက်သို့ တောင်ဖီလာလမ်းမကြီးအတိုင်း မော်တော်ဆိုင်ကယ် ၃ စီးဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်သား ၆ ဦးသည် အိမ်တွင်းမှုသင်တန်းကျောင်းအနီးသို့ ရောက်ရှိလာစဉ် အသင့် စောင့်ဆိုင်းနေရာယူထားသော PDF(Kalay) တပ်များက ၃ မိနစ်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုတွင် စစ်ကောင်းစီဘက်က ၁ ဦးပွဲချင်းသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၎င်းတို့တပ်ဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF(Kalay) ကထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားများသည် သေနတ်ရမ်းသမ်းပစ်ခတ်ကာ အနီးပတ်ဝန်းကျင်မှ ပြည်သူ ၁ ဦး ခြေထောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...