ကလေးမြို့ တောင်ဖီလာရပ်ကွက်အတွင်း ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ကလေးမြို့ တောင်ဖီလာရပ်ကွက်အတွင်း ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး

ကလေးမြို့ တော်ဖီလာရပ်ကွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် PDF (Kalay) တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းက တာဟန်းရပ်ကွက်ဘက်မှ တောင်သာဘက်သို့ တောင်ဖီလာလမ်းမကြီးအတိုင်း မော်တော်ဆိုင်ကယ် ၃ စီးဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်သား ၆ ဦးသည် အိမ်တွင်းမှုသင်တန်းကျောင်းအနီးသို့ ရောက်ရှိလာစဉ် အသင့် စောင့်ဆိုင်းနေရာယူထားသော PDF(Kalay) တပ်များက ၃ မိနစ်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုတွင် စစ်ကောင်းစီဘက်က ၁ ဦးပွဲချင်းသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၎င်းတို့တပ်ဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF(Kalay) ကထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားများသည် သေနတ်ရမ်းသမ်းပစ်ခတ်ကာ အနီးပတ်ဝန်းကျင်မှ ပြည်သူ ၁ ဦး ခြေထောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...